ရွှေရင်အေး
အပိုင်း (၂၄)
#ရွှေရင်အေး
02210943
"ကလျာ...စံပယ်...နှင်းဆီ..ယုဇန...ကံကော်......ပြီးတော့ ဘာကျန်သေးလဲ..."
ကေ ပြုံးရင်း ခေါင်းရမ်းလိုက်မိသည်။
အပင်လေးတွေ ထပ်မှာချင်တယ်လို့ ပြောလိုက်တော့ သူက ချက်ချင်းခေါ်ခဲ့တာလေ..။
ဖိုးဖိုးကလည်း လိုက်သွားဖို့ပြောတော့ ဖိုးဖိုးအလုပ်သွားပေမဲ့ ကေ နဲ့ သူကတော့ အပင်ဆိုင်ကို ရောက်နေသည်။
အလုပ်ရှုပ်သွားမလား စိတ်ပူမိသော်လည်း သူကတော့ အေးအေးပါပဲ..။
ဟိုတစ်ခါ မေမေ နဲ့ သွားတဲ့ ဆိုင်မျိုး မဟုတ်ပဲ အခုက ပိုဝေးသလို ခြံဝန်းကျယ်ကြီးထဲမှာ ပျိုးပင်တွေ ရောင်းတာမျိုးပါ...။
"........"
"အဲဒါတွေလည်း ပါတယ်..."
"များနေပြီ ထင်တယ်...ကျော်..."
"မများပါဘူးဗျ...အပင်သုံးဆယ်တောင် မပြည့်သေးဘူး..."
"အနောက်ဘက် နေရာလေးက နေရာကျဉ်းလေးလေ..."
"အပေါ် ဝရန်တာမှာ စိုက်မှာပေါ့..."
"ဝရန်တာက နေပြင်းတယ်...."
"အမိုးမိုးမှာပေါ့..."
"ကေ အများကြီး မစိုက်ချင်လို့ပါ..."
ကေ ငြင်းလို့မရတဲ့အဆုံး ရှင်းအောင်ပြောလိုက်တော့မှသာ ခေါင်းညိတ်တော့သည်။
မီးဖိုခန်းရှေ့နဲ့ အုတ်တံတိုင်းနံရံကြား နေရာလွတ်လေးမှာ ဒီအပင်တွေကို ပန်းအိုးတွေနဲ့ စီတန်းစိုက်ဖို့တွေးထားသည်။
"ဒီ အပင်က ချစ်စရာလေး.."
အပင်သေးသေးလေးမှာ အသီးနီလေးတွေ သီးနေတာကို ငုံ့ကြည့်ရင်း ကေ ပြောလိုက်မိသည်။
"ဒါလည်း ယူမယ်..."
"ဟင်...ဘာပင်လည်းတောင် ကေ မသိဘူး..ကျော်...'
"အဲဒါ အပင်လေ...ကျော်တောင် သိတယ်...'
သူက တမင်ရန်စ ပြောမှန်း သိတော့ ကေ ပြုံးလိုက်မိသည်။
YOU ARE READING
ရွှေရင်အေး
Random"နောက်ကျောက ဓားမထိုးနဲ့ အရမ်းရွံ့တယ်...အရမ်းမုန်းတယ်...ခင်ဗျားက ရုပ်လေးလှသလောက် စိတ်ဓာတ်က ရွံစရာကောင်းလွန်းတယ်...' "ဘာ..ဘာဖြစ်လို့လဲ..." ကေ နားမလည်သော်လည်း သူ့ဆီက ကြားရတဲ့ စကားလုံးတွေကြောင့် မျက်ရည်က ချက်ချင်းပြည့်အိလာသည်။ လူကြီးတွေ စီစဉ်ပေးတဲ့ အိမ်...