Part 22

9K 460 42
                                    


ရွှေရင်အေး

အပိုင်း (၂၂)

#ရွှေရင်အေး

02170552

"........."

ကေ တံခါးဖွင့်သံကြားလို့ လှည့်ကြည့်မိချိန် ကျော်ကလည်း ကေ့ကို တွေ့ပြီး မျက်ခုံးပင့်သွားသည်။

"ကလျာ...ဘာတွေ လုပ်နေတာလဲဗျ..."

ကေ ကြမ်းပြင်ပေါ်မှာ ဒူးတုပ်ထိုင်ပြီး ငုံ့၍ အလုပ်လုပ်နေတာကြောင့် ခါးမတ်လိုက်ပြီး ပြုံးပြလိုက်သည်။

"မနက်ဖြန် ဒေါ်အေးမွေးနေ့မှာ လက်ဆောင်ပေးဖို့ ပြင်နေတာပါ..."

"ဟင်...ဒေါ်အေး မွေးနေ့လား..."

"ဟုတ်တယ်...အဲဒါ ကေ လက်ဆောင်ပေးမလို့လေ...ဒေါ်အေးကိုတော့ ပြောမထားဘူး..."

"........"

ကျော်က ခေါင်းညိတ်ပြီး ခုတင်ဘေးက ကြမ်းပြင်မှာ ထိုင် အလုပ်လုပ်နေတဲ့ နေရာ အထိ ရောက်လာသည်။

ပါဆယ်လုပ်တဲ့ အလှစက္ကူလေးတွေ ကတ်ကြေး ကော် ဖဲကြိုးခွေတွေနဲ့မို့ ရှုပ်ပွနေတာပါ..။

"ကေ က ကျော် မအိပ်သေးဘူးထင်လို့ လုပ်နေမိတာ...သိမ်းလိုက်ဦးမယ်နော်..."

"မအိပ်သေးပါဘူး...လုပ်ပါ..."

ကေ့ ရှေ့နားမှာ ထိုင်ချလိုက်ပြီး မေးငေါ့ပြတော့ ကေ ခေါင်းညိတ်ပြီး အကျိ ်ကို သေချာ ခေါက်ကာ အလှစက္ကူအိတ်လေးနဲ့ ထပ်ထည့်လိုက်သည်။

"အကျီ ၤပေးမှာလားဗျ..."

"ဟုတ်...လုံချည်လည်းပါတယ်...ပိုက်ဆံအိတ်နဲ့ ဖိနပ်လည်း ပါပါတယ်..."

".......'

ကျော်က မျက်ခုံးပင့်တော့ ကေ ပြုံးရင်း အကျီ ်အစထွက်နေတာကို သေချာဝင်အောင် ထည့်ရသည်။

"ဒေါ်အေးရဲ့ သမီးလေးက သင်တန်းပြီးတော့မှာဆိုတော့ သင်တန်းဆင်းပွဲတက်ရမယ်လို့ ပြောဖူးတယ်...အခုလက်ဆောင်လေးတွေ သုံးရင် သုံးလို့ရအောင်ပါ..."

"ကောင်းပါတယ်..ဒါနဲ့ ဒါ ဖိနပ်မလား...ဖိနပ်ကျတော့ ဆိုဒ်တွေ ဘာတွေ အဆင်ပြေပါ့မလား...ကလျာ..."

"အဟင်း...ပြေပါတယ်...ဒေါ်အေး မသိအောင် တိုး ကို ကြည့်ခိုင်းလိုက်တာ...အဲ့နံပါတ်နဲ့ တူအောင် ဝယ်ထားတာပါ...သဲသဲ နဲ့ နှင်းကလည်း သေချာ အောင် တိုင်းထားပေးသေးတယ်..မလွဲပါဘူးရှင့်..."

ရွှေရင်အေးWhere stories live. Discover now