Part 20

9.8K 480 81
                                    


ရွှေရင်အေး

အပိုင်း (၂၀)

#ရွှေရင်အေး

02151010

"အဟမ်း.."

ကေ မျက်နှာသစ်နေချိန် အပြင်က ချောင်းဟန့်သံကြးတော့ ကပျာကယာ လက်စသတ်လိုက်ပြီး အခန်းပြင် ထွက်လာခဲ့ရသည်။

"ရပါပြီ..."

"........"

ကေ မှန်တင်ခုံဆီ သွားလိုက်ကာ တစ်ရှုးနဲ့ မျက်နှာသုတ်လိုက်သည်။

ညအိပ်ဝတ်စုံ လဲဖို့အတွက် ဘီဒိုဘက်ကို သွားချိန် ကျော်ကလည်း ဘီဒိုရှေ့မှာ ရပ်နေတုန်းမို့ တစ်ချက် ကြည့်မိသည်။

ကေ့ကို ကြည့်နေတာကြောင့် နေရခက်စွာဖြင့်မျက်လွှာချလိုက်ကာ ဘီဒို တံခါးကို ဖွင့်လိုက်သည်။

ကေ အိမ်နေရင်း ဆိုပေမဲ့လည်း မေမေကြီးတို့ ချုပ်ပေးထားတဲ့ အသစ်ဝမ်းစက်တွေကိုပဲ ဝတ်ရတာပါ..။

အချိတ်မဟုတ်ပဲ ချည်သား လက်ရှည် နီညိုရောင်လေးကို ရွေးထုတ်လိုက်ကာ လုံချည်ကတော့ ဆင်တူ အပွင့်အနွယ်လေးတွေပါတာကို ထုတ်လိုက်သည်။

အဝတ်လဲခန်းဘက်ကို ခြေလှမ်းပြင်ချိန် ရှေ့က ပိတ်လိုက်တော့ ကေ တစ်ဖက်ကို ရွေ့ကာ ခြေလှမ်း ပေမဲ့လည်း ကျော်က တစ်ဖက်ကို သွားပြန်သည်။

"ကေ က အဝတ်လဲခန်း သွားမှာပါ..."

"သြော်...အင်း...ဟို....ခဏ...."

သူ ရှောင်ပေးလိုက်လို့ ဖြတ်ကျော်ဖို့ လုပ်ချိန်မှာ တားပြန်တော့ ကေ မော့ကြည့်မိသည်။

"မျက်နှာသစ်ဆေးက ကျော့် ဟာ သုံးတာလား..."

ကေ မျက်လုံးဝိုင်းကာ ရင်ခုန်သွားသည်။

"မ..မဟုတ်ဘူးရှင့်..."

ကေ ငြင်းလည်း ငြင်းရသလို ခြေလှမ်းတွေကိုလည်း အဆင်သင့်ပြင်ပြီး သူ့ကို ဖြတ်ကျော်လာခဲ့လိုက်သည်။

အဝတ်လဲခန်း တံခါးပိတ်ပြီးတော့မှ သက်ပြင်းတစ်ချက် ရှိုက်လိုက်ကာ ရှေ့က ကြည့်မှန်ဆီကို အကြည့်ရောက်သွားတော့ ပါးနှစ်ဖက်က ပန်းနုရောင်လေး သမ်းလာပြီ...။

ရွှေရင်အေးWhere stories live. Discover now