ချည် အပိုင်း ၂
"ခွမ်း..!!"
ပန်းအိုးကျကွဲသွားတဲ့အသံကြောင့် သူမအိပ်ရာကနေလန့်နိုးကာ အသံကြားရာဆီလျှောက်လှမ်းသွားမိသည်။
"မင်းနဲ့ငါကွာရှင်းမယ်လို့ပြောထားတယ်လေ မင်းက ဘာလို့လက်မခံရတာလဲ"
"ရှင့်မယားငယ်မတွေပျော်ဖို့အတွက် ကွာပေးရမှာလား
မကွာပေးနိုင်ဘူး သေလိုက် "အဖေနဲ့အမေ ရန်ဖြစ်တာကို နံရံအကွယ်လေးမှာချောင်းကြည့်ရင်း သူမတုန်ရီလာသည်။ အသက္က၅
နှစ်ဘဲရှိသေးတယ်ဆိုပေမယ့် သူမစိတ်ဒဏ်ရာတွေက အရွယ်နဲ့မလိုက်ပေ။ ညတိုင်းညတိုင်း မိဘတွေရန်ဖြစ်သံတွေကြောင့် သူမရဲ့ညတွေဟာ တျခားကေလးလို
မချိုမြိန်ခဲ့ပေ။"ချစ်ပန်း "
နာမည်ကိုတိုးတိုးတိတ်တိတ်ခေါ်ရင်း နောက်ရောက်လာသူကြောင့် ချစ်ပန်းမော်ကြည့်ရင်း
"ဖေဖေနဲ့မေမေက မချစ်ကြဘူးလားဟင် ကြီးမေ"
အထိန်းတော်သဖြစ်လဲ အိမ်ရဲ့အတွင်းရေးအားလုံးကိုသိနေသူ ဒေါ်မေငြိမ်းမှာ ကလေးစကားကြောင့် စိတ်မကောင်းဖြစ်သွားလေသည်။
"သမီးလေး လာ ပြန်အိပ်ကြမယ် မနက်ကျကျောင်းသွားရမယ်လေ"
ဒေါ်မေငြိမ်း သူမကိုပွေ့ချီကာ အိပ်ရာထဲပြန်ခေါ်လာပြီး
"အိပ်တော့နော် ကြီးမေချော့သိပ်မယ်"
သီချင်းလေးနဲ့ချော့သိပ်လိုက်တော့ မိနစ်ပိုင်းအတွင်းပြန်အိပ်ပျော်သွားလေသည်။ ညတိုင်းနီးပါးရန်ဖြစ်နေတဲ့မိဘတွေကြောင့် ကြာလာရင်ဒီကလေးမှာစိတ်ဒဏ်ရာရလာတော့မှာကို စိုးရိမ်မိလေသည်။
ဦးချစ်မင်းနဲ့ ဒေါ်အိမ်သူတို့ဟာ ချစ်လို့ယူထားတဲ့လင်မယားဆိုပေမယ့် ပွေရှုပ်တတ်တဲ့ဦးချစ်မင်းအကျင့်ဟာ ကလေးတစ်ယောက်ရတဲ့ထိမပျောက်ပေ။ KTVလိုလို မာဆပ္လိုလိုက အကြူဇယားတွေများစွာရှိနေပြီး မိသားစုအပေါ်တစ်စက်ကလေးမှ မကြင်နာပေ။
%%%%%%%%%%
"ဟဲ့ နင်ငါတို့နဲ့လာကစားပါလား ချစ်ပန်းအိမ်"