Unicode
ချည် အပိုင်း ၁၁
"မမလေး... "
"အင်း... မတွေ့ရတာကြာပြီနော်"
သူ့ကိုတအံ့တသြနဲ့ကြည့်နေတဲ့ ဟန်ထယ့်တပည့်ကို
တွေ့လိုက်ရတော့ ချစ်ပန်းရယ်လိုက်ရင်း နှုတ်ဆက်လိုက်လေသည်။"မင်းဆရာကော အထဲမှာလား.."
"ဆရာက အပေါ်ထပ်မှာ အစည်းဝေးလုပ်နေတယ် မမလေး ရုံးခန်းထဲဝင်စောင့်နေလေ "
"အင်း.."
"ကြွပါ "
အလိုက်တသိဖွင့်ပေးတဲ့တံခါးပေါက်ကနေ ရုံးခန်းထဲသို့ဝင်လာလိုက်လေသည်။
"မမလေး ကော်ဖီသောက်မလား အအေးသောက်မလား"
"အအေးဘဲပေး "
"ဟုတ်ကဲ့..."
သူထွက်သွားပြီးတော့ ချစ်ပန်းလဲရုံးခန်းထဲမှာလှည့်ပတ်ကြည့်ရှုမိလေသည်။
"ဒီပုံက...."
စားပွဲခုံမှာတင်ထားတဲ့ သူတို့သူငယ်ချင်းလေးယောက် ပုဂံဘုရားဖူးသွားတုန်းကရိုက်ခဲ့တဲ့ပုံလေးကို တွေ့လိုက်ရတော့ အတိတ်ကအမှတ်တရတချို့က မျက်စိထဲမှာပေါ်လာလေသည်။
"ပန်းလေး ဓာတ်ပုံရိုက်အုန်းမလား ငါရိုက်ပေးမယ်"
"အင်း ရိုက်မယ်"
ဘူးဘုရားရင်ပြင်တော်ပေါ်ကနေတစ်ဆင့် ဧရာဝတီမြစ်ကြီးကိုငေးနေတဲ့ပုံကို ဟန်ထယ်ရိုက်ပေးပြီး
"လာ ပန်းလေး နှစ်ယောက်အတူရိုက်ကြမယ်"
ပြောရင်းဆိုရင်း လက်ကိုဆွဲကာရင်ခွင်ထဲထည့်ပြီး
ဆယ်ဖီရိုက်လိုက်လေသည်။"အမလေး သာယာနေတာ "
နှစ်ယောက်သားကြည်နူးနေတုန်း နောက်ကနေ သူရိန်နဲ့စန္ဒီတို့ရောက်လာကြပြီး
"နင်တို့နှစ်ကောင်ကလဲ ရည်းစားဖြစ်ပြီးကတည်းက ငါတို့ကိုပလစ်နေတာနော်"
နှစ်ယောက်ကြားထဲ ခပ်တည်တည်ဝင်ရပ်လိုက်တဲ့စန္ဒီ
"ဟဲ့ သူရိန် နင်ချစ်ပန်းလက်ကိုတွဲလိုက် ငါဒီကောငျဲကိုတှဲထားတယျ လေးယောက်အတူတူရိုက်ကြတာပေါ့"