မျှော်နေကြမယ်ထင်လို့အစောကြီးတင်ပေးလိုက်ပါပြီ😘
ချည် အပိုင်း ၁၄
"နင်လေ အရမ်းကိုဟာသတွေပြောတာဘဲ ဘန်ကောက်မှာကျောင်းတက်တာ လူရွှင်တော်မေဂျာယူလာတာလား"
"အေး စီးပွားရေးနဲ့လူရွှင်တော်မေဂျာမှားယူလာတာဖြစ်ရမယ်"
"ဟားဟား "
သူ့ဟာသတွေကြောင့် ရယ်မောနေတဲ့ချစ်ပန်းကိုကြည့်ပြီး သူလဲလိုက်ပြုံးမိလေသည်။
ဒီအမျိူးသမီးလေးနဲ့ မျက်နှာချင်းဆိုင်စကားပြောရတာနဲ့တင် သူရင်တွေတလှပ်လှပ်ဖြစ်နေလေသည်။
ဒီလိုမျိုး မျက်နှာချင်းဆိုင်ရဖို့ဆိုတာ ဒီဘဝမှာရနိုင်ပါ့မလားလို့တောင်တွေးမိဖူးတဲ့ထိ သူမနဲ့သူဟာဝေးကွာခဲ့ဖူးလေသည်။တက္ကသိုလ်တက်တဲ့ပထမဆုံးနေ့မှာပင် သူမနဲ့စဆုံခဲ့ဖူးပြီး အဲ့ကတည်းကသူမကိုကြွေခဲ့ရလေသည်။
"မြန်မြန်လာကြကွာ "
ဝေဖြိုး နောက်မှာကျန်ခဲ့တဲ့သူငယ်ချင်းတွေကိုလှမ်းခေါ်ရင်း နောက်ပြန်ပြေးနေသည်။။ ကျောင်းပထမဆုံးနေ့ဆိုတော့ ပျာယာခတ်နေတာလည်းပါတာပေါ့။
"ဘုန်း!!"
အပြေးကောင်းနေတုန်း ရုတ်တရက် ကောင်မလေးတစ်ယောက်ကိုဝင်တိုက်မိသွားတော့
"ဆောတီးပါဗျ ဘာဖြစ်သွားသေးလဲဟင်"
ကောင်မလေးရဲ့ပြုတ်ကျသွားတဲ့စာအုပ်တွေကို ကူကောက်ပေးပြီး မော်ကြည့်လိုက်စဉ်
"လွလိုက္တာ..."
ရွှန်းလဲ့နေတဲ့မျက်ဝန်းတစ်စုံက သူ့ကိုညိူ့ယူလိုက်လေသည်။ မြင်မြင်ချင်းအချစ်ဆိုတာကို ယုံကြည်သွားမိတဲ့ထိ အဲ့မိန်းကလေးကို သူချစ်မိသွားခဲ့တယ်
"ကျေးဇူးပါ"
သူကမ်းပေးတဲ့စာအုပ်တွေကိုဆွဲယူသွားပြီး လှည့်ထွက်သွားတဲ့မိန်းကလေးကိုငေးကြည့်ရင်း သူ့မှာပါးစပ်အဟောင်းသားနဲ့ကျန်နေခဲ့လေသည်။
"ဟေ့ကောင် ပါးစပ်ထဲယင်ကောင်ဝင်သွားအုန်းမယ်"
ဘေးကသူငယ်ချင်းကသတိပေးမှ သူအသိဝင်လာသလိုနဲ့