မနက်ဖြန်မှတင်ရမှာဆိုပေမယ့် Suprise တိုက်ချင်လို့
Unicode
အပိုင်း ၁၈
"ဘာလုပ်တာလဲ ဖယ်"
"အန်ကယ်ဦးချစ်မင်းက သူကရှယ်ယာတွေထုတ်မယ်လုပ်နေတယ် ငါတို့မိသားစုကိုကယ်ပါအုန်း..။ နင့်အဖေကိုတားပေးပါနော်"
ချစ်ပန်း သူ့စကားကြောင့် စိတ်ရှုပ်ထွေးကာ သက်ပြင်းတစ်ချက်ချလိုက်လေသည်။
"ငါအရင်ကလုပ်ခဲ့တာတွေအတွက်တောင်းပန်ပါတယ်၊ နင့်ပေါ်သစ္စာရှိရှိနဲ့ ဆက်ဆံသွားမယ်လို့ကတိပေးပါတယ်"
"တော်ပါတော့.. နင့်ပါးစပ်ဆီကနေသစ္စာဆိုတဲ့စကားကိုမသုံးပါနဲ့တော့"
"ပန်းလေး...."
"နင် အဲ့မိန်းမနဲ့ အဲ့လိုအဆင့်ထိရောက်ပြီးတာတောင်
ငါ့ကိုဆက်ပြီးလိုချင်နေတယ် နင်ငါ့ကိုနည်းနည်းလေးမှအားမနာဘူးလား ဟမ်""နင့်စကားက ဘာအဓိပ္ပါယ်လဲ ပန်းလေး"
"ဟိုမိန်းမမှာနင်နဲ့ရတဲ့ကိုယ်ဝန်ရှိနေတာကို ငါမသိဘူးထင်နေသလား.."
မသိချင်ယောင်ဆောင်နေတဲ့သူကြောင့် ကိုယ်တိုင်ပါးစပ်ကဖွင့်ပြောလိုက်တော့ အားလုံး အံ့သြသွားကာပါးစပ်ဟောင်းလောင်းဖြစ်သွားကြလေသည်။
"နင်ဘယ်လိုလုပ်..."
"အေး ငါသိနေတယ် ငါတင်မကဘူး အခုဆိုတစ်နိုင်ငံလုံးပါသိနေပြီ..။အဲ့မိန်းမက နင့်အကောင့်ထဲမှာတင်လိုက်ပြီလေ "
"ဘာ!!"
ဟန်ထယ် အလန့်တကြားနဲ့ နောက်ဆုတ်မိတော့ဆိုဖာပေါ်ထိုင်လျက်သားဖြစ်သွားလေသည်။
"သွားတော့ ငယ်သူငယ်ချင်းသံယောဇဥ်ကိုငဲ့ပြီး ငါ့အဖေကိုငါတားပေးမယ် ဒါပေမဲ့ ရှေ့ဆက်ပြီးတော့တော့ ငါတို့ဆက်ဆံစရာမရှိတော့ဘူး..။ နင်ပြန်တော့"
ချစ်ပန်း အဲ့လိုစကားဖြတ်ပြီး ဧည့်ခန်းထဲကထွက်သွားလေသည်။ မိဘနှစ်ပါးလဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ရင်း ကျန်နေခဲ့လေသည်။
"ဟန်ထယ်လင်း ထ သွားမယ်"
ဦးဟန်မြင့် သားကိုဆွဲခေါ်လိုက်ရင်း