အပိုင်း ၂၀

2.2K 108 21
                                    

Unicode

အပိုင်း ၂၀

"ဆရာ.. လာမယ်ဆိုလဲကြိုပြောတာတော့မဟုတ်ဘူး"

ကိုထက် ရုံးထဲဝင်လာတဲ့ဦးချစ်မင်းကို ဆီးကြိုနှုတ်ဆက်လေသည်။

"ဆရာ နေကောင်းတယ်နော်"

"ကောင်းပါ့ကွာ သမီးကော ရုံးခန်းထဲမှာလား"

"ဟုတ်ပါတယ် ဆရာ ကြွပါ"

ကိုထက်ရဲ့အလိုက်တသိဖွင့်လိုက်တဲ့တံခါးပေါက်ကနေ ဦးချစ်မင်း သမီးဖြစ်သူရုံးခန်းထဲဝင်လိုက်လေသည်။

"သမီး..."

"သမီး..."

"ဖေဖေ ဘယ်လိုလုပ်ရောက်လာတာလဲ"

"သမီးအခုအလုပ်ရှုပ်နေတာလား အားလား"

"အလုပ်မရှုပ်ပါဘူး ဖေဖေ အားပါတယ် ဖေဖေဘာပြောစရာရှိလို့လဲ"

"ကိုဟန်မြင်တို့Companyမွာ အစည်းဝေးရှိတယ် သမီးလိုက်ခဲ့"

"ဖေဖေကလည်း အဲ့ကုမ္ပဏီကိုဆိုမလိုက်ချင်ပါဘူး
နောက်ပြီး သမီးနဲ့ အဲ့ကုမ္ပဏီဘာမှမဆိုင်ဘူးလေ"

"ဘာလို့မဆိုင်ရမှာလဲ သမီးလဲရှယ်ယာရှင်ဘဲလေ အဲ့တော့အစည်းဝေးတက်ရမှာပေါ့..."

"ရှယ်ယာရှင်.."

သူ့ရဲ့စကားကိုနားမလည်သလိုအကြည့်နဲ့မေးလာတဲ့သမီးကို ဦးချစ်မင်းပြုံးပြရင်း

"ဟုတ်တယ် ဖေဖေ့ရဲ့ရှယ်ယာတစ်ဝက်ကိုသမီးကိုပေးထားတယ် အဲ့တာကြေညာဖို့အတွက်သမီးဒီနေ့အစည်းဝေးတက်ရမယ်"

"ဖေဖေ.. သမီးမယူချင်ပါဘူး "

"သမီးမယူလို့ ဖေဖေကဘယ်သူ့သွားပေးရမှာလဲ
ဖေဖေ့သွေးသားဆိုလို့သမီးဘဲရှိတာလေ သမီး အဲ့မိသားစုနဲ့မပက်သက်ချင်တော့ဘူးဆိုလဲ အကုန်ထုတ်ပစ်လိုက် စိတ်ကြိုက်လုပ်ပလိုက်"

ဦးချစ်မင်း မိန်းမနဲ့ကွာရှင်းဖို့ဆုံးဖြတ်ထားပြီးပြီ။ အကယ်၍ မိန်းမဘက်က ပိုင်ဆိုင်မှုတွေနဲ့ပက်သက်ပြီးတစ်ခုခုပြသနာရှာလာခဲ့သည်ရှိသော် သမီးအတွက်ဆူးငြောင့်ခလုတ်ဖြစ်မှာစိုးလေသည်။

သူပိုင်ဆိုင်သမျှအရာအားလုံးဟာ သမီးလေးအတွက်ဘဲဖြစ်ရမည်။ ငယ်စဉ်ကတည်းက သူ့ရဲ့စိတ်အလိုလိုက်မှုနဲ့ အမေလုပ်သူရဲ့ ရက်စက်မှုတွေကြောင့်
စိတ်ဒဏ်ရာတွေချည်းရခဲ့တဲ့သမီးကိုသနားလေသည်။

ချည်Where stories live. Discover now