Unicode
အပိုင်းအပို ၁၉
"ထည့်စားကြနော် သူငယ်ချင်းတို့"
ဟန်ထယ် သူငယ်ချင်းတွေရဲ့ဝိုင်းတွေကိုလှည့်ပတ်ဧည့်ခံနေရင်း ချစ်ပန်းတို့ဝိုင်းနားရောက်လာလေသည်။
"မင်းတို့လဲများများထည့်စားကြနော်"
ချစ်ပန်းတို့ဝိုင်းမှာ သူရိန်၊စန္ဒီနဲ့ ဝေဖြိုးတို့သာရှိတော့ အကုန်လုံးကအနေရခက်နေကြလေသည်။
"ချစ်ပန်း ရော့ "
"နင်.. ဘာလုပ်တာလဲ "
စန္ဒီကမ်းပေးတဲ့ကြက်သားပန်းကန်ကို ကြားထဲကနေ
ဖြတ်ယူကာသူ့ပန်းကန်ထဲကိုထည့်ပေးလာသူကြောင့်
ချစ်ပန်းစိတ်ရှုပ်သွားရင်း"ငါ့ဟာငါထည့်စားမယ် ပေး"
သူ့လက်ထဲကပန်းကန်ကိုဆွဲယူကာ ကိုယ့်ဟာကိုယ်ထည့်လိုက်လေသည်။
"ဟန်ထယ် မင်းမိန်းမခေါင်းမူးနေတယ်ထင်တယ် အနားလာအုန်း"
"ဟုတ်ကဲ့.."
သူ့နားကိုဟန်ထယ်ကပ်နေတာမြင်တော့ ချက်ချင်းလှမ်းခေါ်တဲ့အမေကိုကြည့်ရင်း ချစ်ပန်းစိတ်မကောင်းဖြစ်နေလေသည်။
အမေ့သမီးရဲ့လူကို ကျွန်မပြန်လုသွားမှာ အဲ့လောက်စိုးရိမ်နေသလား အမေရယ်
အမေဖြစ်သူကိုငေးကြည့်နေတဲ့ချစ်ပန်းပုံစံကို မြင်တော့ ဝေဖြိုး အာရုံပြောင်းဖို့ကြိုးစားကာ
"ပန်း.. ငါးစားမလား ကိုယ်အရိုးနွှာပေးမယ်"
"အင်း..."
ငါးဟင်းထဲကငါးတစ်တုံးကိုယူကာ လက်နဲ့သေချာအရိုးနွှင်နေတဲ့သူကို ကြည့်ပြီး ချစ်ပန်းပြုံးလိုက်လေသည်။
လောကကြီးမှာ ငါ့ကိုဂရုစိုက်တဲ့သူတစ်ယောက်ရှိနေသေးတာဘဲဆိုတဲ့အတွေးက အရမ်းကိုနွေးထွေးပြီး
သက်တောင့်သက်သာရှိလေသည်။"ရော့ ဖြည်းဖြည်းစားနော် လိုရင်ကိုယ်ထပ်နွှာပေးမယ်"
"အင်း... ကျေးဇူး"
သူနွှာပေးတဲ့ငါးနဲ့ထမင်းကိုမြိန်ရေယှက်ရေစားနေတဲ့သူမကိုကြည့်ရင်း အလိုလိုပျော်နေလေသည်။ ထမင်းမစားဘဲဗိုက်ဝတယ်ဆိုတာ ဒါမျိုးကိုးလို့တွေးမိသည်။