Unicode
ချည် အပိုင်း ၁၀
"သမီးလေး ဘာဖြစ်သွားသေးလဲ "
ဝိဉာဉ်လွင့်နေသလိုပုံစံမျိုးနဲ့ ရောက်လာတဲ့သမီးကို
ဒေါ်သွယ်သွယ် အိမ်ပေါက်ဝကနေဆီးကြိုမေးလေတော့သည်။"အန်တီ ပန်းလေးကိုအရင်ထိုင်ခိုင်းလိုက်ပါလား"
ဘေးကနေ လက်တွဲထားတဲ့ဟန်ထယ့်စကားကြောင့်
ဒေါ်သွယ်သွယ် သမီးကိုဧည့်ခန်းဆီဆွဲခေါ်လာကာ"သမီး ခိုက်မိတာဘာညာရှိသေးလား"
ထိုင်ခိုင်းပြီးကိုယ်ခန္ဓာကိုလှည့်ပတ်စစ်ဆေးမိလေသည်။ဒေါ်မေငြိမ်း ဖုန်းလှမ်းဆက်အကြောင်းကြားသဖြင့် သမီးဘယ်မှာဘယ်ဖြစ်ခဲ့တယ်ဆိုတာ အကုန်သိပြီးလေပြီ။
"မာမီ မာမီ့ကိုသမီးမေးစရာရှိတယ်"
"ဘာလဲ မေးလေ သမီး"
"မေမေက နောက်တစ်ယောက်ရလို့ ချစ်ပန်းကိုပစ်သွားခဲ့တာလား ဟုတ်လား "
သမီးစကားကြောင့် ဒေါ်သွယ်သွယ် အံ့သြသွားကာ
"သမီးဘာကနေဘာတွေကြားလာတာလဲ"
ဒေါ်မေငြိမ်းဖုန်းဆက့်ပြောတဲ့အထဲမှာ ဟိုမိန်းမနဲ့ရန်ဖြစ်တယ်ဆိုတဲ့အကြောင်းဘဲပါပြီး ဒီကိစ္စကဘယ်ကနေဘယ်လိုပါလာတာပါလိမ့်။
"သမီးမေးတာဖြေပါ မာမီ မေမေက ဖေဖေ့ဆီကနေ
ကွာရှင်းစရိတ်ယူပြီး သမီးကိုထားခဲ့တာလား"ဒေါ်သွယ်သွယ် သွေးပျက်နေတဲ့အမူရာနဲ့ နှုတ်ဆိတ်နေလိုက်တော့
"တကယ်ဘဲပေါ့ အဲ့မိန်းမစကားကအမှန်ဘဲပေါ့"
ချစ်ပန်း သူမအမူအရာကိုကြည့်ပြီး ကောက်ချချလိုက်လေသည်။
"သမီးကငွေအတွက်၊နောက်လူအတွက်နဲ့ စွန့်ပစ်ခံရခဲ့တာပေါ့ အဲ့တာတောင်မသိဘဲ...."
"အဲ့လိုမဟုတ်ပါဘူး သမီးရယ်"
"ပန်းလေးရာ အဲ့လိုကြီးမပြောပါနဲ့ "
ဟန်ထယ် သူမလက်ကိုဆုပ်ကိုင်ရင်း နှစ်သိမ့်ဖို့ကြိုးစားပေမယ့်
"အဲ့လိုဟုတ်နေတာဘဲလေ နင်လဲကြားရဲ့သားနဲ့"
ချစ်ပန်းစိတ်တိုသွားက သူ့ကိုပြန်ငေါက်မိသည်။