Unicode
ချည် အပိုင်း ၈"ဒီနေ့ ဆေးရုံဆင်းမယ်ဟုတ်လား ပန်းလေး"
ဆေးရုံတက်တာ၃ရက်ဘဲရှိသေး ဒီနေ့တန်းဆင်းလို့ရပြီဆိုတော့ ဟန်ထယ်စိတ်ပူပြီး
"တကယ်ကော ဆင်းလို့ရရဲ့လား"
"အင်း ဒေါက်တာကဆင်းလို့ရပြီတဲ့ ငါလဲအခုသက်သာနေပြီလေ "
"အေးပါ သက်သာတယ်ဆိုလဲပြီးတာပါဘဲ ငါကစိတ်ပူလို့"
"စိတ်ပူတယ်ဆို မင်းအပြုမူကိုဂရုစိုက်လေ"
ဒေါ်သွယ်သွယ် ထိုသို့ပြောရင်းအခန်းထဲဝင်လာလိုက်တော့ ဟန်ထယ်မျက်နှာပျက်သွားလေသည်။
"ငါအထုပ်တွေယူသွားနှင့်မယ်နော် ပန်းလေး"
"အင်း..."
အထုပ်တွေယူကာ ဟန်ထယ်ထွက်သွားပြီးနောက်
"မာမီ ဟန်ထယ့်ကိုအဲ့လောက်ကြီးမပြောပါနဲ့ "
"မာမီက သမီးလေးအတွက် စိတ်ပူလို့ပြောတာ အဲ့ကောင်ကို ဒီလောက်ပြောထားမှတော်ကာကျမှာ"
"ဒါပေမဲ့လဲ.. မာမီရယ် သူ့ကိုအဲ့လိုမပြောပါနဲ့နော် သူသမီးကို စိတ်ဆင်းရဲအောင်ထပ်မလုပ်လောက်ဘူးလို့
ပြောတယ်""ဒီကောင့်စကားကိုသမီးယုံတယ်လား"
"ယုံချင်တယ် မာမီ သမီးဘဝမှာသူမရှိလို့မဖြစ်ဘူး
သမီးကိုချစ်ရင် သူသမီးနားရှိနေအောင်ကူညီပေးပါနော် နော် မာမီ"သူ့လက်ကိုဆုပ်ကိုင်ရင်း တောင်းဆိုလာတဲ့သမီးကိုကြည့်ပြီး
"အင်းပါ အဲ့ဆိုသမီးလဲနေကောင်းအောင်နေရမယ် မာမီကိုကတိပေး"
"ဟုတ်ကဲ့..."
ချစ်ပန်း မာမီ့ရင်ခွင်ထဲတိုးဝင်ပြီး ဖက်လိုက်လေသည်။
___________________________________
"ဆရာဝန်ပြောတဲ့ဆေးတွေမှန်မှန်သောက်နော် မေ့မနေနဲ့ ကြားလား "
"ဟုတ်ကဲ့ပါ ကြားပါတယ် "
ဆေးရုံကယူလာတဲ့အထုပ်တွေကို သေချာစီရီပေးရင်း
တဖွဖွမှာနေသူကို ချစ်ပန်းကုတင်ပေါ်ကထိုင်ကြည့်နေလေသည်။