အပိုင်း ၁၇

2.1K 92 20
                                    

Unicode
အပိုင်း  ၁၇

ချယ်ရီ ကိုယ်ဝန်ရှိနေမှန်းသိတော့ အရမ်းပျော်သွားကာ ဟန်ထယ့်ဆီဖုန်းခေါ်လ်ုက်လေသည်။

"Hello "

"ကိုကို ချယ်ပြောစရာရှိတယ်"

"ဘာလဲ မြန်မြန်ပြော ငါမအားဘူး"

ချယ့်မှာကိုယ်ဝန်ရှိနေပြီ ကိုကို"

"ဘာ!!"

ချယ်ရီစကားကြောင့် ဟန်ထယ်အရမ်းလန့်ကာ လက်ထဲကဘောပင်ပါပြုတ်ကျသွားလေသည်။

"ဘယ်လိုဖြစ်တာလဲ မင်း မင်းဘဲဆေးသောက်တယ်ဆို ဟာကွာ..."

"ကိုကို ကိုကိုကပျော်ရမှာလေ ဘာလို့အဲ့လိုလေသံဖြစ်နေရတာလဲ"

"ရူးနေလို့ ငါကပျော်ရမှာလား အခုကုမ္ပဏီမှာပြသနာတွေအရမ်းတက်နေပြီ အန်ကယ်ဦးချစ်မင်းက ရှယ်ယာတွေထုတ်မယ်ဆိုပြီး ပွတ်လောရိုက်နေတာ"

"အန်ကယ်ဦးချစ်မင်းဆိုတာ..."

"ပန်းလေးအဖေ"

" သူ့သမီးကိုစိတ်ဆင်းရဲအောင်လုပ်တဲ့
သူတွေနဲ့ဆက်မလုပ်နိုင်တော့ဘူးတဲ့ အဲ့တာတွေအကုန်လုံးကမင်းကြောင့် မင်းချစ်ပန်းကိုပြသနာသွားရှာလို့အခုလိုဖြစ်ရတာ"

သူ့ကိုချည်းအပြစ်တွေတန်းဆီတင်နေသူကြောင့် ချယ်ရီဝမ်းနည်းကာငိုချင်လာလေသည်။

"မင်းဘာသာမင်း ကြည့်ရှင်းလိုက် ငါပိုက်ဆံပေးမယ်
ဆေးရုံသွားလိုက်..."

"ကိုကို...ကိုကိုခုချယ့်ကိုကလေးဖျက်ချခိုင်းနေတာလား"

"ဟုတ်တယ် အခုချိန်မှာ အဲ့ကလေးကအရေးမကြီးဘူး
ကုမ္ပဏီတစ်ခုခုဖြစ်လို့ရှိရင် ငါတို့မိသားစုလမ်းဘေးရောက်မှာ တစ်ဘဝလုံးချမ်းချမ်းသာသာနေလာခဲ့ပြီးမှ ဘာမဟုတ်တဲ့ကလေးကြောင့် မြောင်းထဲအရောက်မခံဘူး"

ဟန်ထယ်အဲ့လိုပြောကာ ဖုန်းချသွားလေသည်။

"အဟင့်...."

ဟန်ထယ့်စကားကြောင့် ချယ်ရီဝမ်းနည်းပြီးငိုနေစဥ်

"သမီး ဘာဖြစ်တာလဲ ဘာလို့ငိုနေတာလဲ "

"အမေ..."

သူ့ဘေးနားရောက်လာတဲ့မိခင်ကိုဖက်ပြီး ချယ်ရီငိုချလိုက်လေသည်။

ချည်Where stories live. Discover now