အပိုင်း ၂၂
"ကိုစစ် ၃ရက်တောင်ရှိနေပြီ သမီးလေးကဘာလို့သတိမရသေးတာလဲ"
"သွယ်ကလဲ ဆရာဝန်က စောင့်ကြည့်ရအုန်းမယ်လို့ပြောတယ်လေ စိတ်ရှည်မှပေါ့"
သမီးလက်လေးကိုကိုင်ကာငိုမဲ့မဲ့ဖြစ်နေတဲ့မိန်းမကို
ဦးစစ်မင်း ဖက်ရင်းနှစ်သိမ့်လိုက်လေသည်။"သွယ် ဒီနေ့ အိမ်ကထွက်လာကတည်းကဘာမှမစားရသေးဘူးမလား...။ ဘာစားချင်လဲ ၊ ကိုယ်သွားဝယ်ပေးမယ်"
"ဘာမှမစားချင်ဘူး၊ စားလို့လဲမဝင်ဘူး "
"အဲ့လိုတော့မဖြစ်ဘူးလေ ခဏစောင့် ကိုတစ်ခုခုဝယ်ပြီးပြန်လာခဲ့မယ်"
အဲ့လိုနဲ့ ဦးစစ်မင်း မိန်းမအတွက် စားစရာတစ်ခုခုဝယ်ဖို့အောက်ထပ်ဆင်းလာလေသည်။
"အာ ခုနတုန်းက ကိုထက်ကိုဟိုဟာမှာဖို့မေ့နေတာကြည့်စမ်း....။သူသွားပြီနဲ့တူတယ်"
ဘေးဘီကြည့်နေတုန်း
"ဟိုးကဟာ ဝေဖြိုးနဲ့ကိုထက်ကြီးမလား"
ဆေးရုံအပြင်ဘက်ရောက်လာတော့ ပန်းခြံထဲမှာ စကားပြောနေကြတဲ့ဝေဖြိုးနဲ့ကိုထက်ကိုတွေ့တာနဲ့
ဦးစစ်မင်း အဲ့နားကိုလျှောက်သွားလိုက်လေသည်။"ပန်းကအန်ကယ်တို့မသိအောင်အမေကိုရှာနေတာလေ။ သူ သူ့အမေကိုရှာတွေ့နေပါပြီ"
အဲ့စကားကြောင့် ဦးစစ်မင်း နံရံအကွယ်မှာခဏရပ်ကာ သူတို့ပြောတာတွေကိုဆက်နားထောင်နေလိုက်လေသည်။
သမီးလေးကသူတို့မသိအောင် အိမ်သူ့ကိုလိုက်ရှာနေတယ်တဲ့လား၊ ဦးစစ်မင်း အံ့သြသွားတယ်ဆိုပေမယ့် အရမ်းကြီးတုန်လှုပ်သွားတာတော့မဟုတ်ပေ။ အရွယ်ရောက်လာတဲ့တစ်နေ့ သူ့အမေကိုလိုက်ရှာမယ်ဆိုတာ ကြိုတွက်ထားပြီးသားဘဲ။
""ချစ်ပန်းအသည်းသန်လိုက်ရှာနေခဲ့ရတဲ့အမေရင်းက
ချယ်ရီဝင်းအမေဖြစ်နေတာဘဲ...""ဘာ"
သူအံ့သြတကြီးနဲ့ အသံထွက်သွားတော့ ဝေဖြိုးတို့က
သူ့ကိုလှည့်ကြည့်လာလေသည်။"အန်ကယ်..."
"ဝေဖြိုး သားခုနပြောလိုက်တာတကယ်ဘဲလား
တကယ်ဘဲ အိမ်သူကအဲ့မိန်းကလေးရဲ့အမေဖြစ်နေတာလား...."