intro

161 1 0
                                    

intro 3in 1

အထက်တန်းစာမေးပွဲကျပြီးနောက်အိမ်ကရာဇသံထုတ်လိုက်သည်မှာ မနက်နေ့ည ဂိုက်နဲ့သင်ရမည်ဟူ၍။အမြဲလို ဂိုဏ်းစတားလုပ်နေသည့်သူတို့၃ယောက်အတွက်ပြသနာကစတက်တော့တာပဲဖြစ်သည်။ညီအစ်ကိုအိမ်နီးချင်းမဟုတ်သော်ငြား

စီးပွားထိပ်သီး၊နိုင်ငံ၏ကိုယ်စားလှယ်အဖွဲ့ချုပ်နဲ့မာဖီးယားတို့၏သား၃ယောက်အသီးသီးဖြစ်ကြသော

ရိုးစေတန်၊ရာဇဘုန်းလျှံနဲ့မင်းသွေးတမာန်တို့မှာတွဲဖက်အကြီးစားတွေဖြစ်ပြီး အိမ်မနိုင်သားပေါက်များဖြစ်ကြသည်။အကျင့်စရိုက်ကတချက်မှမတူကြပေမယ့် လူကြိုက်များတဲ့အချက်နဲ့မိုက်ကြေးခွဲတဲ့နေရာမှာရှယ်ပလန်နဲ့ လန်ထွက်နေသူများဖြစ်ကြသည်။ယခုမူ ဖီးနပ်အိမ်တော်၏ အပန်းဖြေဧည့်ရိပ်သာမှာ အသီးတချို့စားရင်း ဇိမ်ခံကာ ဂိုက်ဟူသောပုဂ္ဂိုလ်ကိုထိုင်စောင့်နေကြသည်။ဧည့်ရိပ်သာကြီးအလွန်ကြီးကျယ်ပြီး သဘာဝတရားကိုခံစားရစေကာစိတ်အေးစေမည့်ထဲပါသည်။သို့သော်ဘေးမှလိုအပ်သည်များဆောင်ရွက်ပေးရန်ရပ်နေရသည့် အစေခံလေးများပြီးချွေးစို့နေသည့်မျက်နှာများနှင့် အိမ်တော်ထိန်းကြီးကိုအသနားခံနေကြသည်။သူတို့သခင်လေးများသည် စိတ်ကြည်နေရင်မုန့်ဖိုးများများပေးသလောက် ပေါက်ကွဲချိန်ဆိုရင်ထိုမုန့်ဖိုးနှင့်ဆေးကုဖို့ပြင်ရသည်အထိစိတ်လွှတ်တတ်သည်။အထိန်းတော်ကြီးက သခင်လေးမင်းသွေးတမာန်အား အသံနိမ့်နိမ့်နှင့်စကားဆိုရသည်။

"သခင်လေးတမာန် ဒီအစေခံတွေ တခြားကိစ္စတွေလုပ်ပါအုံးမယ် ဘာများခိုင်းစရာရှိသေးပါသလဲ"

"မ ရှိဘူး သွားခိုင်းလိုက် ဒါမယ့်ဦးပုကနေခဲ့အုံး ဟိုဂိုက် ရဲ့ကိစ္စတွေတခါတည်းရှင်းပေး"

"ဟုတ်ကဲ့ပါ ကဲ မင်းတို့သွားလို့ရပြီ"အသက်ရွယ်အားဖြင့်၅၀ရှိပြီဖြစ်သော ဦးပုဆိုသည်မှာသူတို့ငယ်ငယ်တည်းကထိန်းပေးလာတဲ့လူကြီးဖြစ်သည်။ဆံပင်ဖြူဖြူတွေပေါက်နေရခြင်းအကြောင်းကသူအသက်ကြီးလာလို့မဟုတ်ဘဲသူတို့၃ယောက်ကြောင့်ဟုအမြဲပြောလေ့ရှိတဲ့လူကြီးဖြစ်သည်။လစ်ခနဲ​မပြေးရုံထွက်သွားကြသည့်အစေခံများကိုကြည့်ပြီးဦးပုခေါင်းရမ်းရင်းကျန်ခဲ့သည်။ဒီကလေး၃ယောက်ကိုဂိုက်ပြပေမယ့်သူအတွက်တော့သူကြိုရေစက်ချထားမိတာအမှန်။ဘယ်လိုသတ္တိနဲ့များလက်ခံလိုက်လဲမသိပေမယ့်အာဂသတ္တိရှင်ကိုတော့ဦးပုလက်မြှောက်ရပါသည်။သခင်လေးတွေကဆိုးသွမ်းပြီးကြမ်းတမ်းတဲ့ထဲပါသည်။အိမ်တော်သခင်ကြီးတွေကလွဲကျန်တဲ့သူလူမထင်တဲ့ဒီသခင်လေးတွေနဲ့တော့ အင်းးးးနွှဲလိုက်စမ်းပေါ့ ဂိုက်ကောင်လေးရေ

3 in 1❤️Where stories live. Discover now