3in1
Part2
"အင်းး လက်မောင်းပဲ"ထိုအသားရေနူးညံ့ညံ့ကိုခပ်ဖွဖွလေးပွတ်သပ်မိပြီးမှယိုယိုနှလုံးတွေဆောင့်ခုန်ကုန်သည်။သူမနေ့ညကဖီးနပ်အိမ်တော်မှာပဲအိပ်ဖြစ်သွားတာဖြစ်သည်။အိမ်မက်ထဲမှာတောင်ကလေးလေးတစ်ယောက်ကောက်ရပြီး ယိုယိုရဲ့နို့တွေကိုတောင်လာစုပ်လို့ရိုက်လွတ်ရသေးသည်။
ခု ယိုယိုခေါင်းအုံးထားတာကဘယ်သူ့လက်မောင်းပါလိမ့်။မျက်လုံးတွေကိုဖြည်းဖြည်းဖွင့်ကြည့်လိုက်တော့ဖြူဖွေးဖွေးရင်အုပ်ကျယ်ကြီးကိုအရင်တွေ့ရသည်။မော့ကြည့်မိမှအိပ်ပျော်နေတဲ့ယောက်ျားဆန်ဆန်မျက်နှာချောချောကြောင့်ယိုယိုအသံမထွက်မိစေရန်ပါးစပ်ကိုလက်နဲ့ပိတ်ပစ်ရသည်။သခင်လေး၃ယောက်ထဲကမင်းစေတမာန်ဆိုတဲ့ကောင်လေး။ဘယ်လိုလုပ်ခုတင်ပေါ်ရောက်နေခဲ့လဲမသိပေမယ့်ခုချိန်မှာအိပ်ပျော်နေသူကိုအနှောင့်အယှက်မပေးချင်တာကြောင့်တိတ်တိတ်လေးထဖို့ပြင်ရသည်။သို့ပေမယ့်ထိုသခင်လေးကယိုယိုကိုဆွဲချပြီးသန်မာလှတဲ့ခြေထောက်တွေနဲ့ပါရစ်ပတ်လာသည်။
"အစ်ကို ကျွန်တော်အိပ်လို့မဝသေးဘူးလေ"နူးနူးညံ့ညံ့စကားသံကြောင့်ယိုယိုမှာပါးစပ်လေးအဟောင်းသားဖြစ်ရပြန်သည်။ဟိုတနေ့ကမျက်မှောင်ကြီးကြုံ့နေတာသူမဟုတ်တဲ့အတိုင်းပင်။ပြီးတော့အစ်ကိုတဲ့။လက်မောင်းတွေကယိုယိုရဲ့ကိုယ်သေးသေးလေးကိုကျစ်နေအောင်ဖက်ပြီးသူ့ဘက်ကိုဆွဲလှည့်ကာနဖူးပြင်ထက်အနမ်းခပ်ဖွဖွကရောက်လာသည်။ပြီးတော့ပါး၊နှာခေါင်း၊မေးစေ့ နောက်ထက်နှုတ်ခမ်းနုနုထက်ကျလာမည်ကိုတွေးမိ၍ချက် ချင်းကိုရုန်းမိတော့သည်။
"အင့် လွှတ်ပေး လွှတ် ယိုယိုကိုလွှတ်!"နားထဲကိုကန့်လန့်ဝင်လာတဲ့စကားသံကြောင့်တမာန်အိပ်ချင်စိတ်တွေပျောက်ကုန်ကာဘေးကလူကိုကြည့်မိတော့သည်။
"ဟမ်!မင်း ဘယ်သူလဲ ကျစ်!"အစ်ကိုဟုတ်မနေတာကြောင့်စိတ်ကပျက်သွားကာခြေထောက်နဲ့ကန်ချမိတော့သည်။
"အားးး"အရှိန်ကိုမထိန်းနိုင်ဘဲကျသွားတာမို့ယိုယိုရဲ့ဒူးတွေကျိန်းစက်သွားသည်။တမာန်ကစောင်ကိုဖယ်ကာဆင်းလာတာမို့ယိုယိုမော့ကြည့်မိမှ မျက်နှာရောနားတွေပါပူတက်သွားရသည်။ဒီကောင်လေးဟာကြီးက လူရဲ့ဟာရောဖြစ်နိုင်ရဲ့လား။အတွင်းခံကေနပေါက်ထွက်မတက်ဖြစ်နေတဲ့အထိမှာတော်ရုံလက်နက်မဟုတ်နိုင်။

YOU ARE READING
3 in 1❤️
Fantasyချစ်ခြင်းတရားတို့ရစ်ပတ်လာတာကလူ၃ယောက်အပေါ်မှာတစ်ချိန်တည်း တပြိုင်တည်း ။ကိုယ်ဟာလောဘကြီးတဲ့လူသားလားဆိုပြီး အဝေးကြီးမှာနေဖို့တွေးခဲ့ချိန်မှာအချိန်တွေဟာကုန်လွန်ခဲ့ပြီ။အင်း ကိုယ်ကသူတို့၃ယောက်ရစ်ပတ်ထားချင်တဲ့ထောက်တိုင်လေးတစ်ခုဖြစ်နေမယ်ထင်တယ် #Cover pc crd...