3 in 1
Part4
အမေဆိုင်ကိုသွားနေတုန်း မမကအိမ်ကိုရောက်လာသည်။ခါတိုင်းပိုက်ဆံပေးပြီးတာနဲ့တန်းပြန်သွားတတ်တဲ့မမကထိုင်ခုံမှာဝင်ထိုင်လာတာမို့ယိုယိုအနဲငယ်အံ့သြသွားရသည်။မျက်မှန်နက်ကိုမချွတ်သေးတဲ့မမကတော်တော်ပိန်သွားသည်။ရေအေးအေးတစ်ခွက်ကိုအရင်ချပေးပြီး
"မမ ခနနေအုံးနော် ယိုယိုဟိုဘက်လမ်းမှာမုန့်သွားဝယ်အုံးမယ်"မမကထွက်သွားမည့်ယိုယိုလက်ကိုလမ်းဆွဲသည်။ပြီး ထိုင်ခုံမှာထိုင်ခိုင်ပြီး၃စက္ကန့်လောက်တိတ်ဆိတ်သွားသည်။ပြီးမှမျက်မှန်ကိုချွတ်လာသည်။မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ယိုယိုထိတ်လန့်သွားသည်။
"မမ ဒါ ဒါ ဘယ်လိုဖြစ်တာလဲ ဟမ် ပြော ယိုယိုကိုပြောစမ်းပါမမ ကိုခန့်ညားလုပ်တာလား ပြောစမ်းပါမမရယ်"မျက်နှာကဖုယောင်နေပြီး အညိုရောင်သန်းနေပြီ။မျက်လုံးတစ်ဖက်ကအခြေနေတော်တော်ဆိုးတာမို့ ယိုယိုငိုပါငိုချင်နေပြီ။
"မမ နင့်ယောက်ျားလုပ်တာလားလို့ ဟမ်"
"မဟုတ် မဟုတ်ပါဘူး ယိုယို လွန်ခဲ့တဲ့လကစပြီး ကုမ္ပဏီကအခြေနေဆိုးလာတယ် အခုဒေဝါလီခံလိုက်ရပြီး အကြွေးတွေနစ်နေတယ် ယိုယိုရယ်"မမရဲ့မျက်ဝန်းတွေကစိုနစ်လာပြီ။
"မနေ့က အကြွေးရှင်တွေအိမ်လာပြီးသောင်းကျန်သွားတယ် ဟင့် ငါ့ယောက်ျားလည်း ဟင့် မသေရုံတမယ်ပဲ ဟင့် ယိုယိုရယ် ငါနဲ့ငါယောက်ျားမိသားစု ဘဝပျက်ပါပြီ ဟင့်"မမရဲ့ဝမ်းနည်းလွန်းတဲ့စကားသံကြောင့်ယိုယိုပိုပြီးကြေကွဲရသည်။ဒယ်ဒီဆုံးသွားတဲ့နောက်ယိုယိုတို့မိသားစုဘဝပျက်ခဲ့ရတုန်းကမမဒီလောက်ထိဝမ်းနည်းခဲ့တာကိုမမြင်ခဲ့ဖူးဘူး။သွေးအေးစွာပင်ကိုခန့်ငြားနောက်ကိုလိုက်သွားခဲ့တာပင်။
"အကြွေးတွေကဘယ်လောက်တောင်မို့လဲ မမ"
"နိုင်ငံခြားရင်းနှီမြုပ်နှံမှုတွေပါတွက်ရင် 60Mလောက်ရှိတယ်ယိုယို ခန့်ငြားက လည်းတတ်နိုင်သလောက်လုပ်ပေမယ့်အခြေနေတွေပိုဆိုးကုန်တယ် "
"ဟင်း မမရယ် ဘယ်လိုဆပ်ဖို့စဥ်းစားထားလဲ"
"လပေးနဲ့ဆက်ဖို့တွေးထားပေမယ့် IT groupက30Mကိုဒီလကုန်အပြီးရချင်နေတယ်ကျန်တဲ့ ရှယ်ယာရှင်တွေကစောင့်ပေးကြပါတယ်"

YOU ARE READING
3 in 1❤️
Fantasyချစ်ခြင်းတရားတို့ရစ်ပတ်လာတာကလူ၃ယောက်အပေါ်မှာတစ်ချိန်တည်း တပြိုင်တည်း ။ကိုယ်ဟာလောဘကြီးတဲ့လူသားလားဆိုပြီး အဝေးကြီးမှာနေဖို့တွေးခဲ့ချိန်မှာအချိန်တွေဟာကုန်လွန်ခဲ့ပြီ။အင်း ကိုယ်ကသူတို့၃ယောက်ရစ်ပတ်ထားချင်တဲ့ထောက်တိုင်လေးတစ်ခုဖြစ်နေမယ်ထင်တယ် #Cover pc crd...