3 in 1
Part1
Bathrobeကိုသာဝတ်ဆင်ထားတဲ့ကောင်လေးသုံးယောက်ရှေ့မှာ ယိုယိုမျက်လုံးလေးဝိုင်းနေရသည်။
ခွန်းအားဗလနဲ့ပြည့်စုံပြီးအလွန်ထွားကြိုင်းတဲ့လူငယ်တွေမှန်း မြင်နေရတဲ့ရင်ခွဲအဟထဲမှ ဘယ်နှPackမှန်းမသိတဲ့အရာတွေအပြည့်ကသက်သေပြနေသည်။ဒါတွေကိုသူဂိုက်လုပ်ရမည်ဖြစ်၍တံထွေးအနဲငယ်ပင်မျိုချမိသွားသည်။ဦးလေးကြီးကစာချုပ်တစ်ခုကိုသူ့ရှေ့ချပေးလာသည်။
"လူငယ်လေး ဒီစာချုပ်ကိုတစ်ချက်လောက်ကြည့်ပေးပါ သခင်လေးတို့၃ယောက်ရဲ့အချိန်စာရင်းတွေအားလုံးပြုစုပေးထားပါတယ် ညဘက်တွေပဲအထူးပြုဆွဲပေးထားတာမို့လူငယ်လေးအနေနဲ့လက်ခံနိုင်ရင် လက်မှတ်ထိုးပေးရုံပါပဲ"
"ဟုတ် ဟုတ်ကဲ့ဦးလေး"ရှေ့ကအကြည့်တွေကထိုးရဲရင်ထိုးကြည့်စမ်းဆိုတဲ့ရုပ်တွေမို့ဘောပင်ကိုင်တာပင်အနဲငယ်တုန်နေသလို။စာချုပ်ရဲ့အလယ်ကကိန်းဂဏန်းတချို့ကြောင့်ယိုယိုမျက်လုံးတွေပြူးကုန်ကာပါးစပ်ကိုလက်နဲ့အုပ်မိသည်အထိ။
"ဒါ ဒါ ဒါကြီးက ၁လကို1M oh!God"အသံနဲနဲကျယ်သွားသည်မို့ချောင်းအသာဟမ့်ကာသိက္ခာပြန်ဆယ်ရသည်။တန်ကြေးဒီလောက်ကြီးတာပြန်ပေးရမှာများနိုင်မှန်းယိုယိုရိပ်မိပေမယ့် အမေ့ကိုနှလုံးအစားထိုးကုပေးချင်သည်။သူနဲ့စကားအကြာကြီးပြောရင်ပင်မောပန်းလာတဲ့အမေ့ကိုယိုယိုသနားလှသည်။ထို့ကြောင့်အချိန်စာရင်းကိုတစ်ချက်ကြည့်ကာလက်မှတ်ကိုတုန်တုန်ရီရီနဲ့ထိုးပေးလိုက်သည်။ဒီသခင်လေး၃ယောက်အထက်တန်းအောင်သည်အထိလုပ်ပေးနိုင်ရင် ရလာမယ့်အကျိုးမြတ်တွေကရှိနေလေသေးတော့ယိုယိုဘဝမှာအောင်မြင်ကြီးတစ်ခုကိုသက်စွန့်စံဖျားကြိုးစားရတော့မည်မှန်းနားလည်လိုက်လေသည်။စိတ်ထဲဆုံးဖြတ်ချက်တွေအခိုင်အမာချနေတဲ့ဂိုက်ဆရာပေါက်စကိုကြည့်ပြီးဦးပုခပ်တိုးတိုးရေရွတ်မိသည်။
"အင်းးတစ်ပတ်ခံရင်တောင် ကောင်လေးမင်းကံကောင်းနေပြီ ကံကောင်းချင်းရဲ့ရလဒ်ကဆိုးဝါးပေမယ့်ပေါ့"
ရိုးစေတန်သူ့လက်ထဲကဘက်စကတ်ဘောကိုသေချာထိန်းဖမ်းပြီးအဝေးကနေပစ်သွင်းတော့သူ့ထက်1cmပိုရှည်တဲ့မင်းသွေးတမာန်ကလှမ်းကာလိုက်နိုင်သေးသည်။တစ်ယောက်နဲ့တစ်ယောက်တွန်းတိုက်လှုပ်ရှားရင်းနဲ့အတော်ပင်မောဟိုက်နေပြီမို့ ခုံတန်းတွေပေါ်ခြေပစ်လက်ပစ်ဝင်ထိုင် လိုက်ကြသည်။ရာဇဘုန်းလျှံက ရေဘူးကိုတဂွက်ဂွက်မော့သောက်ပြီးစေတန့်ကိုဘူးခွံနဲ့ပစ်ပေါက်လာသည်။

YOU ARE READING
3 in 1❤️
Fantasyချစ်ခြင်းတရားတို့ရစ်ပတ်လာတာကလူ၃ယောက်အပေါ်မှာတစ်ချိန်တည်း တပြိုင်တည်း ။ကိုယ်ဟာလောဘကြီးတဲ့လူသားလားဆိုပြီး အဝေးကြီးမှာနေဖို့တွေးခဲ့ချိန်မှာအချိန်တွေဟာကုန်လွန်ခဲ့ပြီ။အင်း ကိုယ်ကသူတို့၃ယောက်ရစ်ပတ်ထားချင်တဲ့ထောက်တိုင်လေးတစ်ခုဖြစ်နေမယ်ထင်တယ် #Cover pc crd...