15

1.5K 249 5
                                    


Chapter 15

နောက်တစ်နေ့မနက် ဒါရိုက်တာအဖွဲ့ အလုပ်ကိုရောက်လာပြီးနောက် မနေ့ညက ရိုက်ကူးထားသည့် ဗီဒီယိုဖိုင်ကိုကြည့်ဖို့အတွက် တောင်းလာသည်။

ထို့ကြောင့် လူတွေတရေးနိုးလေ့ရှိသည့် ညကြီးသန်းခေါင်အချိန်လောက်တွင် လင်းယန်ရန်၏အဖွဲ့သားများဖြစ်ကြသော ယောက်ျားလေးဆယ့်ငါးယောက်အုပ်စု မျက်နှာချင်းဆိုင်တန်းစီထိုင်နေသည့်ပုံကို လူအများအပြားက ချက်ချင်းမြင်လိုက်ရသည်။

လက်ထောက်ဒါရိုက်တာများသည် သူတို့၏ မျက်နှာများပေါ်တွင် မေးခွန်းအမှတ်အသားများဖြင့်ပြည့်နှက်သွားပြီး တစ်ယောက်ကို တစ်ယောက်ကြည့်နေကြသည်။

သူတို့ ဆေးမှားသောက်ထားမိတာလား ?

ဒါရိုက်တာကြီးသည် ယင်းဗီဒီယိုကိုကြည့်ပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ဒီခြေထောက်ရေစိမ်တာက ကောင်းတယ်လို့ ငါမပြောခဲ့ဘူးလား နော့နော့။အခု လူငယ်တွေက စပြီး ခြေထောက်ရေစိမ်နေကြပြီ"

ပြောပြီးတာနဲ့ သူ့လက်နှစ်ဖက်ကို အချင်းချင်း ပွတ်သပ်ပြီး

“အဲဒီနေ့က ငါမှာထားတဲ့မော်ဒယ်က ဒီနေ့ပဲ ရောက်တာဆိုတော့ ပြန်တဲ့အချိန် စမ်းကြည့်ရမယ်”

လက်ထောက်ဒါရိုက်တာသည် မျက်လုံးများကို တိတ်တဆိတ် လှိမ့်လိုက်ပြီး မကြာသေးမီက လင်းယန်ရန်၏ခြေထောက်ရေစိမ်ခြင်းမှရလာသည့်အကျိုးကျေးဇူးကိုရှင်းပြသည့် ဗီဒီယိုကိုကြည့်ပြီးနောက် ကျန်းမာရေးကိုဂရုစိုက်ရန် စွဲလမ်းလာခဲ့သည့် ဒါရိုက်တာနှင့် ဤခြေထောက်ရေစိမ်ခြင်းအ‌ကြောင်းပြောဆိုရန်မှာ ပျင်းလွန်းလှသည်။ထို့ကြောင့် သူချက်ချင်း တခြားအ‌ကြောင်းကိုသာ ခေါင်းစဉ်ပြောင်းပြီးပြောလိုက်သည်။

ဒါရိုက်တာက ပြန်မဖြေဘဲ ပြုံးတုံ့တုံ့လုပ်ပြီး ရေနွေးခွက်ကိုကိုင်ကာ မနေ့ညက ပြန်လည်ပြသသည့်အပိုင်းကို ဖြည်းညှင်းစွာ ကြည့်ရှုနေသည်။

ထို့နောက် သူက ဝန်ထမ်းအား

"ဒီညနမူနာအတွက် ယန်ရန်အဖွဲ့ရဲ့ဒီအပိုင်းကို ငါ့အတွက် ဖြတ်လိုက်ပါ"

 အတုအယောင်လူငယ်ဆရာကြီးအဖြစ်ကူးပြောင်းလာပြီးနောက် ရေပန်းစားလာခဲ့တယ် BLWhere stories live. Discover now