တီ!! တီ!ကျယ်လောင်စွာမြည်ဟင်းလာသည့်နှိုးစက်အသံကြောင့် ဟယ်ချန်းမျက်လုံးများမှိတ်ထားရင်းကနေ မျက်မှောင်ကြံု့လိုက်မိ့သည်။နောက် သူခါးကိုဖက်ကာအေးဆေးအိပ်ပျော်နေသည့်ဂျက်ရဲ့လက်ကိုဖယ်ချလိုက်ပြီး အိပ်နေရာကနေထထိုင်လိုက်၏။သို့ပေမဲ့ အရမ်းအိပ်ချင်နေသေးသည့်မျက်ဝန်းတွေကြောင့်ဘေးစားပွဲပေါ်ကနှိုးစက်ကို ရမ်းသမ်းကာဆွဲယူ၍ပိတ်လိုက်သည်။ဘယ်သောအခါမှ အိပ်ယာထရင်ကြည်လင်နေသည့်စိတ်ဆိုတာ ဟယ်ချန်းမှာမရှိချေ။
''ကျစ်!! တောက်....ခါးနာလိုက်တာ''
အဝတ်မကပ်သည့်ကိုယ့်ကိုကိုယ့်ပြန်ငုံ့ကြည့်ကာ ဘေးကအိပ်ပျော်နေသည့်ဂျက်ရဲ့ပါးကိုအားပြင်းစွာရိုက်ချလိုက်မိ့၏။သူရိုက်ချက်ကပြင်းလွန်းသွားသည်မို့ အိပ်ပျော်နေသည့်ဂျက်သည်အိပ်နေရာကနေလန့်နိုးသွားကာ ထထိုင်နေသည်သူကိုမှုန်ကုတ်ကုတ်ဖြင့်ကြည့်လာလေသည်။နောက် အောက်ပိုင်းကစောင်ကို ဂျက်ကဖယ်ခွာလိုက်ကာ ဘာတစ်ခုမှမပါဘဲထိုင်နေသည့်သူခန္ဓာကိုယ်ကိုလွှမ်းခြုံ့ပေးလေ၏။နောက် သူပါးကိုခပ်ကြာကြာဖိကပ်နမ်းကာပြောလာလေသည်။
''စိတ်တိုနေတာလား ဟယ်ချန်း''
''စိတ်ကိုမရှည်တော့တာ......မင်းကိုငါထပ်ပြီးလက်ခံပေးတော့မှာမဟုတ်ဘူး ဂျက်''
''ကိုယ်သိတယ်လေကွာ''
သူပခုံးသားတွေကိုနောက်ကနေ အမျိုးမျိုးနမ်းနေသည့်ဂျက်ကြောင့်ဟယ်ချန်းသူလက်ဖြင့်ထိုအုံလိုက်ဖြစ်နေသည့်ဆံပင်တွေကိုဆောင့်ဆွဲလိုက်မိ့သည်။ဒေါသထွက်နေရင် ဘယ်လို့မှဒီတိုင်းထားလိုက်လို့မရသည်ကို ဟယ်ချန်းကိုယ်တိုင်သာသိ၏။ထိုကြောင့်လည်း သူဘာလုပ်လုပ်ငြိမ်ခံနေသည့်ကောင်ကိုရိုက်သတ်ချင်နေတာပင်။တကယ်လုံးကိုင်ပေါက်ထားသလိုခံစားနေရသည်က သေချင်လာရသည်။
''ငါကိုဒီညလာမတွေ့နဲ့''
''ဘာလို့လည်း ကိုယ်အမြဲလာတွေ့နေတာမှမဟုတ်တာ....ဒိညDateကြမယ်လို့မင်းညကခွင့်ပြုထားတယ်လေ''
ဟယ်ချန်း သူအသားဖြင့်အရမ်းကပ်နေသည့်ဂျက်ကြောင့်ထိုင်နေရာကနေမတ်တတ်ထရပ်လိုက်ကာ ခန္ဓာကိုယ်ပေါ်ကစောင်ကိုဖယ်ခွာလိုက်သည်။နောက် ကြမ်းပြင်ပေါ်ကျနေသည့်သူအင်္ကျီကိုကောက်ဝတ်လိုက်ကာ ထိုဘေးမှာကျနေသည့် သူဘောင်းဘီကိုလည်းတစ်ခါတည်းဝတ်လိုက်၏။ထိုနောက် သူကိုစိုက်ကြည့်ကာသူရဲ့အဖြေကိုလိုချင်နေသည့်ဂျက်ရဲ့နှုတ်ခမ်းသားထူထူကိုခပ်ဖွဖွနမ်းကာ ပြောလိုက်သည်။