''ဂျီဆောင်း ဒီနေ့မင်းရဲ့အခန်းဖော်အသစ်ရောက်မှာဆို''''အင်း''
''အရင်အခန်းဖော်က ဘာလို့မင်းနဲ့ဆက်မနေဘဲပြောင်းသွားရတာလည်း''
သူကိုမျက်လုံးမှေးကြည့်ကာမေးလာသည့် ဂျယ်မင်းရဲ့ဆံပင်တွေကိုဆွဲဖွကာ ဂျီဆောင်းပြောလိုက်သည်။ဆောင်းရဲ့အအေးဒဏ်ကိုအန်တုကာ လမ်းလျှောက်နေကြသည့်ကျောင်းသူကျောင်းသားတွေကို ထိုင်ခုံမှာထိုင်ကာကြည့်နေရသည်က မသိရင်showတစ်ခုကိုကြည့်နေရသလိုပင်။
''ဟိုကောင်ကအဖြောင့်....သူဘာလို့ပြောင်းသွားလည်းဆိုတာငါမသိဘူး''
''သြော်....ငါကမသိပါဘူးမင်းများဝင်ကျုံးလိုက်လို့ကြောက်ပြီးပြောင်းသွားတာလားလို့လေ''
''အဟက်....မင်းအတွေးတွေကလည်းအမြဲဒီအတိုင်းဘဲ''
သူပခုံးကိုမှီကာ မျက်နှာမဲ့ပြ၍သူစကားကိုတုန့်ပြန်နေသည့်ဂျယ်မင်းပုံစံကြောင့် ဂျီဆောင်းခေါင်းခါမိ့၏။လက်ထဲက ကော်ဖီခွက်လေးက အအေးဒဏ်ကြားနွေးထွေးလှသည်မို့တစ်ချက်မော့သောက်လိုက်တိုင်း လည်ချောင်းအတွင်းစီးဝင်သွားသည့်ခံစားချက်က ပူနွေးလှသည်။နောက် သူလက်ကိုတင်းကျပ်စွာဆုတ်ကိုင်ထားသည့်ဂျယ်မင်းသည် လူတစ်ယောက်အတန်းဆင်းမည်ကို သူနဲ့အတူထိုင်စောင့်နေတာဖြစ်၏။ထိုလူက ဘယ်သူလည်းဆိုတာကိုဂျီဆောင်းမသိပေမဲ့ ဂျယ်မင်းကတော့သူအခုလက်ရှိသဘောကျနေသည့်လူလို့သာပြောလေသည်။
စ,သိကတည်းက ဂျယ်မင်းမကြိုက်ဖူးသည်လူဆိုတာ သူတို့ကျောင်းမှာမရှိသလောက်ခြားလေ၏။သူနဲ့တော့ကီးမကိုက်လို့မတွဲချင်ဘူးလို့သာ ပြောလေသည်။သူအနေနဲ့လည်း ဂျယ်မင်းလိုသူငယ်ချင်းမျိုးကို တွဲဖို့ရန်မတွေးဖူးပေ။ဒီအတိုင်း အတူနေချင်မှသာ သူငယ်ချင်းဆိုသည့်ဆက်ဆံရေးကိုခနဖယ်ကာ အတူနေဖြစ်ကြတာပင်။ဗိုက်ချင်းအပ်ဖူးသည်က များလာပြီမို့သူတို့နှစ်ယောက်ထပ်ပြီးအတူမနေဖြစ်တော့။ကြာတော့ သူတို့ကုတင်ပေါ်မှာထိုသို့ကိစ္စထပ် ဂျယ်မင်းပြောပြတတ်သည့်မကျေနပ်ချက်များနဲ့၊အတင်းပြောတာနဲ့ဆင်သည့်စကားများကိုသာ ပြောကြရင်းနေလာမိ့လေသည်။သူလည်းဘဲ နောက်တစ်ယောက်လောက်တော့ ပြောင်းအုံးမှပင်။