[အပိုင်း ၁၂]

374 33 8
                                    


''ခင်ဗျားက တကယ်လူညစ်ပတ်ဘဲMark''

ဟယ်ချန်းသည် သူကိုမကြည်သလိုတစ်ချက်ကြည့်ကာအရည်တချို့ပေကျံကုန်သည့် ဘောင်းဘီကိုလက်ထဲကလက်ကိုင်ပဝါဖြင့်သုတ်နေလေသည်။ဒါပေမဲ့ Markမှာတော့ရင်ခုန်သံတွေမူမမှန်နိုင်သေးသည်မို့ နောက်ကနံရံကိုခေါင်းမှီထားရင်းကနေသူကိုအမျိုးမျိုးပြောနေနိုင်သည့် ဟယ်ချန်းကိုကြည့်နေမိ့၏။နောက် ဟယ်ချန်းသည်နံရံကိုမှီထားသည်သူအနားကိုတိုးကပ်လာကာ နှုတ်ခမ်းကွေးယုံပြုံးပြလိုက်သည့်သူမျက်နှာကိုမျက်မှောင်ကြုံ့ကာစိုက်ကြည့်နေရင်းကနေ....

''ခင်ဗျားက အမြင်ကပ်စရာကောင်းလွန်းတယ်Mark''

ထိုသို့သူကိုပြောကာ ရုတ်တရက်ဆန်စွာသူနှုတ်ခမ်းကိုဖိကပ်နမ်းလာသည့်ဟယ်ချန်း။နောက် ဟယ်ချန်းရဲ့လက်တွေသည်သူရင်ဘက်ကိုဉီးစွာပွတ်သပ်ကာ ပခုံးပေါ်ဆန့်တက်လိုက်လေ၏။ထိုကြောင့် Markအချိန်ကြာကြာဆွဲမနေဘဲ ဟယ်ချန်းဘက်ကနေအစပျိုးလာသည့်အနမ်းကို သူဘက်ကနေကောင်းစွာတုန့်ပြန်ပေးလိုက်သည်။ဒါပေမဲ့ သူထပ်ပိုအလျင်လိုနေသည့်အနမ်းဖြင့်ပုံဖော်နေသည့် ဟယ်ချန်းသည်လှပသည့်မျက်ဝန်းဝိုင်းလေးတွေကိုလည်း မှိတ်ချထားသေး၏။

ထိုကြောင့် သူဂတွင်းတိုးဝင်လာသည့်ဟယ်ချန်းရဲ့လျှာဖျားလေးကို အလွတ်မပေးစွာငုံထွေးထားရင်းကနေဟယ်ချန်းကိုသူရင်ခွင်ထဲထည့်ကာပွေ့ဖက်ထားလိုက်၏။နောက် အိစက်နေသည့်ဟယ်ချန်းရဲ့နှုတ်ခမ်းသားလေးကို သူလျှာဖျားဖြင့်တစ်ချက်ထိတွေ့စေကာ ကိုယ်ကိုတစ်ဘက်လှည့်၍ဟယ်ချန်းကိုယ်လေးကိုနံရံမှာဖိကပ်လိုက်သည်။ထိုနောက် Markရဲ့မြင်ကွင်းထဲတိုးဝင်လာသည့်ဟယ်ချန်းရဲ့ညှပ်ရိုးလေးတွေ။

''အွန်းးး Mark~~~''

သူထိုလည်တိုင်လေးတွေ,ညှပ်ရိုးလေးတွေကို အငမ်းမရနမ်းရှိုက်လိုက်သည်နှင့် တိုးညင်းစွာငြီးညူလာသည့်ဟယ်ချန်း။ထိုကြောင့် နောက်တစ်ဖန်ဟယ်ချန်းရဲ့နှုတ်ခမ်းဖူးလေးကို သူနှုတ်ခမ်းပါးဖြင့်ပိတ်ဆို့လိုက်၏။နောက် သူတို့နှစ်ဉီးလုံးရဲ့အနမ်းတွေသည် အလိုရမက်တွေပါလာသည်ကိုစတင်သတိထားမိသွားပုံရသည့် ဟယ်ချန်းသည်သူရင်ဘက်ကိုတွန်းတိုက်ကာ အနမ်းကိုရပ်စေရန်တားမြစ်လာလေသည်။ထိုကြောင့် Markနောက်ဆုံးအနမ်းဆိုသည့်သဘောဖြင့် ဟယ်ချန်းရဲ့နှုတ်ခမ်းဖူးလေးကို သူဂတွင်းထဲငုံထွေးကာအသက်ကိုပြင်းပြင်းရှုသွင်း၍ လွတ်ပေးလိုက်၏။ဒါပေမဲ့ သူအနမ်းကြောင့်မောဟိုက်သွားသည့်ဟယ်ချန်းသည် သူ့ပခုံးပေါ်ကလက်တွေကိုလည်းမဖယ်ခွာသေးသလို၊အသက်ကိုပုံမှန်အနေအထားရောက်အောင် ရှုသွင်းနေသည့်နှုတ်ခမ်းဖူးလေးသည်လည်း ခပ်ဟ"ပင်။

[ Money is the GOD ] Where stories live. Discover now