''မင်းစည်းမကျော်တာကောင်းလိမ့်မယ် ဂျီဆောင်း''''ဘာအတွက်လည်း''
နှင်းတို့ဖြင့်ဖွေးနေသည့် ကျောင်းလမ်းကြားထဲစကားရပ်ပြောနေသည့် လူနှစ်ယောက်ဟာ မျက်နှာအမူအရာတွေမတူညီကြ။တစ်ယောက်ရဲ့မျက်နှာဟာ ဒေါသထွက်နေမှုကြောင့်တင်းမာနေပေမဲ့ နောက်တစ်ယောက်ရဲ့မျက်နှာဟာတော့ အခုနေဖြစ်နေသည့်အခြေအနေကိုလည်းဂရုမပြုပုံ အေးဆေးတိတ်ဆိတ်လှသည်။လက်ကြားထဲ ဆေးလိပ်ကိုညှပ်ကာစကားဝိုင်းအတွင်းမှာဘဲ ရှိုပ်ဖွာနေပုံကဒီစကားဝိုင်းဟာ စိတ်ပျက်စရာကောင်းခြင်းကို ဦးတည်ပြသနေလေ၏။
''ဘာအတွက်လည်းဆိုတာကို ငါကမိန်းမလိုမိန်းမရနဲ့ပြောနေရအုံးမှာလား''
''ဟုတ်တယ် မင်းပြောတဲ့အရင်းမရှိအဖျားမရှိတဲ့စကားကိုငါဉီးနှောက်ကနားမလည်လို့ jeno''
ဂျီဆောင်း သူနဲ့စကားပြောချင်တယ်လို့ပြောပြီးခွေးထပ်ဆိုးစွာ လာကိုက်တတ်နေသည့်ကောင်ကြောင့်တစ်ပတ်ကျော်သည်းခံထားရသည့် ဒေါသကအခြေမခိုက်တော့။သူသိသည်....ဒီကောင်စကားကဘယ်ကိုဦးတည်ကာပြောနေရသလည်းဆိုတာကို။စည်းမကျော်နဲ့လို့ ထိုကောင်ဘက်ကပြောနေရင်တောင် သူဟာဘယ်စည်းကိုမှမျက်နှာပြောင်တိုက်ပြီးကျော်နေဖူးတာမရှိချေ။နောက် ထိုကောင်သည်သူရှေ့ကိုလာရပ်ကာ အရပ်အကွာအဝေးတူညီလှသည့်သူမျက်နှာကို စေ့စေ့ကြည့်၍ပြောလာသည့်စကား။
''ရှင်းအောင်ပြောရရင် မင်းဟာကိုသရမ်းပြီးဂျယ်မင်းအထဲမထည့်ဖို့ကိုပြောချင်တာ ဂျီဆောင်း''
''အဟက်.....ဘာလည်းအရသာသိသွားလို့ကျွေးရမှာကြောက်သွားတာလား''
''ဘာ!! မင်းဘာေ-ာက်စကားပြောတာလည်းဟေ့ကောင် ''
ခွပ်!!
ဂျီဆောင်းအထိုးခံလိုက်ရသည့်ပါးသောင်ကိုလျှာဖြင့် ထိုးကာလက်ထဲမီးမသေသေးသည့်ဆေးလိပ်ကိုလုံးချေ၍ သူရှေ့ကကောင်ရဲ့မျက်နှာကိုလည်ထွက်သွားသည်အထိ ပြန်ထိုးပစ်၏။သူလက်စပြင်းရင်တောင် တစ်ချက်ဘဲထိုးမည်။ဒီလို ကောင်မျိုးကြောငွသူ့သူငယ်ချင်းဂျယ်မင်းနာကျင်နေမည်ကို ဂျီဆောင်းထပ်မမြင်ချင်တော့။ဟိုကဆေးရုံတက်တာတစ်ပတ်ကျော်သာရှိသေး ကျောင်းမှာဒီခွေးလိုကောင်ရဲ့သတင်းတွေက နေရာအနှံ့ပျံ့လို့ပင်။Markတောင် ဟယ်ချန်းမျက်နှာကြောင့် ဒီလိုကောင်မျိုးကိုမသိဟန်ဖြင့်နေနေတာ၊သူလည်းထိုသို့နေပေမဲ့ ဒီကောင်ကနှာမွှန်ပြီးလာပြောနေတာမို့ သူကံဆိုးလေသည်။