''အဲ့ဒီနေ့ကအတွက်ငါတောင်းပန်ပါတယ်ဂျဲနို၊ငါမှားသွားပါတယ် ငါကိုထပ်ပြီးပစ်မထားပါနဲ့တော့နော်....နော်လို့ဆို''''ဂျယ်မင်း ငါကိုလာမရစ်စမ်းပါနဲ့၊ငါအခုေ-ာက်ရမ်းစိတ်ရှုပ်နေတာ''
''ဟင့်''
ဂျဲနိုသူလက်မောင်းကအင်္ကျီစလေးကိုဆုတ်ကိုင်ကာ ခေါင်းကိုငုံ့ချသွားသည့်ဂျယ်မင်းကြောင့်သက်ပြင်းကိုသာချလိုက်မိ့၏။နောက် ဘေးကလူအသွားအလာကိုတစ်ချက်ကြည့်ကာခေါင်းကိုငုံ့ချထားသည့်ဂျယ်မင်းရဲ့မျက်နှာကိုသူလက်ဖြင့်အုပ်ကိုင်ကာမော့စေ၍ပြောလိုက်သည်။
''မငိုနဲ့ မင်းကကလေးမဟုတ်ဘူးဂျယ်မင်း''
''အဲ့ဒါတော့ငါလည်းသိပါတယ်ဂျဲနို၊ဒါပေမဲ့...ဒါပေမဲ့လေ မင်းအခုလိုငါကိုပစ်ထားတာကငါစိတ်ကိုဝမ်းနည်းစေတယ်သိလား ဟင့်''
''ကောင်းပြီ ငါမင်းကိုပစ်မထားဘူးစိတ်လည်းမဆိုးတော့ဘူး...ဒီလောက်ဆိုမင်းငိုနေစရာမလိုတော့ဘူးဂျယ်မင်း''
ဂျယ်မင်းသူပါးကိုအုပ်ကိုင်ထားသည့် ဂျဲနိုရဲ့လက်ကိုသူလက်ဖြင့်ဆုတ်ကိုင်၍မေးလိုက်သည်။နောက်ပြီး ဂျဲနိုသူကိုထိုနေ့ကတည်းကပစ်ထားခဲ့သည့်ကဒီနေ့နဲ့ဆိုတစ်ပတ်ကျော်နေပြီပင်။ဟယ်ချန်းတို့နဲ့လည်းမတွေ့ဖြစ်ဖူးဆိုသည့်ဂျဲနိုကြောင့် သူမှာအခုဂျဲနိုအဆောင်အထိတောင်လိုက်လာခဲ့တာဖြစ်၏။ထိုသို့မှလည်း သူကိုထွက်တွေ့ဖော်ရသည့်ဂျဲနိုသည်သူအပေါ် စိမ်းကားနေလေသည်။ဒါပေမဲ့ သူဘက်ကကြည့်သဘောကျနေရရင်တောင်ဂျဲနိုသည် သူနဲ့တွဲနေသည့်ဆိုသည့်အသိဖြင့်အနည်းငယ်စိတ်ချမ်းသာဖို့ကောင်းသေး၏။
''ဒီနေ့အလုပ်ရှိသေးလား ဂျဲနို''
''ဟင့်အင်း ဆိုင်အပြင်အဆင်ပြန်ပြောင်းနေတော့ခနပိတ်ထားတယ်...အဲ့ဒါကြောင့်အခုတလောအရမ်းအားနေတာ''
''အဲ့ဒါဆို ငါတိုက်ခန်းကိုလိုက်ခဲ့မလား၊ဒိနေ့အတူရှိချင်လို့....မနက်ဖြန်ကျကျောင်းအတူသွားကြမယ်လေ ရတယ်မလားဂျဲနို''
ထိုသို့ပြောလိုက်တော့ ဂျဲနိုသည်လက်ကနာရီကိုတစ်ချက်ကြည့်ကာခေါင်းကိုငြိမ်ပြလေ၏။နောက် သူရဲ့လက်ကိုဆုတ်ကိုင်လိုက်ကာ ဆွယ်တာအင်္ကျီလက်ကိုရုတ်တရက်ကြီးခေါက်တင်လိုက်သည့်ဂျဲနိုကြောင့် ဂျယ်မင်းလန့်သွားရသည်။ဒါပေမဲ့ ဂျဲနိုသည်သူလက်ကောက်ဝတ်တွင်ကပ်ထားသည့်အနာကပ်ကိုကြည့်ကာ သက်ပြင်းကိုချ၍ပြောလာလေ၏။ထိုလက်ကောက်ဝတ်ကဒဏ်ရာသည် ဂျဲနိုကြောင့်ဖြစ်သွားသည်လို့ဆိုလိုရပေမဲ့ ဂျယ်မင်းဘက်ကတော့ဂျဲနိုကိုစိတ်ဆိုးတယ်လို့တောင်မတွေးဖူးချေ။