အပိုင်း ၁၄

213 20 0
                                    


''ထပ်လည်းမအိပ်နေဘူးဆို ထတော့ဂျယ်မင်း''

စောင်ပုံထဲနစ်နေသည့် ဂျယ်မင်းသည်သူစကားပြောသံကို ကြားပါလျက်နဲ့ငြိမ်နေလေသည်။ထိုကြောင့် jenoလက်ထဲကဆေးဘူးတွေကို နီးရာစားပွဲပေါ်ချကာကုတင်ပေါ်အိပ်နေသူအနားသွားလိုက်သည်။နောက် အရုပ်တစ်ရုပ်လိုငြိမ်နေသည့် ဂျယ်မင်းရဲ့ကိုယ်ပေါ်ကစောင်ကိုဆွဲဖယ်လိုက်ကာ သူကိုကျောပေးထားသည့်သူကိုပြောလိုက်၏။

''ကောင်းကောင်းပြောနေတာဂျယ်မင်း....ငါအကြောင်းသိရင်အခုထတော့''

''...........''

ထိုသို့ လေသံမာမာနဲ့ခပ်တင်းတင်းပြောလိုက်မှဆောင့်ကြီး အောင့်ကြီးနဲ့ထထိုင်လေ၏။အဖျားချိန်ကြောင့် အမြဲသွေးရောင်လွှမ်းနေတတ်သည့် နှုတ်ခမ်းပါးလေးတွေကအနည်းငယ်ကွဲဟနေကာ ဖြူဖျော့နေသလို၊အမြဲတတ်ကြွနေသည့် ဂျယ်မင်းသည်လည်းလှုပ်ရှားမှုတွေက လိပ်ကလေးတစ်ကောင်နယ်။သူတိုက်ခန်းကိုဘဲ အချိန်လင့်နေသည့်အတွက်ကြောင့်ခေါ်လာခဲ့ရင်းကနေ သူကုတင်မှာတောင်ဂျယ်မင်းနဲ့မနက်ရောက်ခံနီး ထပ်ပြီးယူခဲ့မိ့သေးသည်။ထိုကြောင့် ဂျယ်မင်းဖျားသွားတာ မထူးဆန်း၊jenoသည်လည်း သူအပြစ်နဲ့သူမို့သိပ်လည်းစိတ်မတိုချင်သေး။

သူအင်္ကျီအနက်လက်ရှည်လေးကို ရှေ့ကြယ်သီးနှစ်လုံးလောက်ဖြုတ်၍ ဝတ်ပေးထားသည်မို့၊သူညကရမ်းကားထားသည့် အမှတ်တချို့ရှိနေသည့်ရင်ဘက်က ပုံမှန်ဖြူနေသည့်ရင်ဘက်လေးထပ် ပိုကြည့်ကောင်းနေသလို။ဒါပေမဲ့ မနေ့ညကမထိန်းမသိမ်းဖြစ်ခဲ့မှုကြောင့် ဂျယ်မင်းခန္ဓာကိုယ်ရဲ့ လည်ပင်းတွေလက်တွေမှာ အရည်ကြည်အဖုလေးတွေညတွင်းချင်းထွက်လာလေသည်။အခုသေချာကြည့်လျှင် ထိုအဖုလေးတွေက ပိုပွားလာလေ၏။ထိုကြောင့် ခေါင်းကိုငုံ့ကာထိုင်နေသူကို တစ်ချက်သေချာစိုက်ကြည့်၍စောစောက စားပွဲပေါ်တင်ထားသည့်ဆေးဘူးတွေကို သွားယူလိုက်သည်။

''ဆေးသောက်လိုက်....မဟုတ်ရင်မင်းခန္ဓာကိုယ်တစ်ခုလုံးရစရာရှိမှာမဟုတ်တော့ဘူး''

''..............''

''ဒီဆေးတွေက မင်းကားထဲကသွားယူလာတား၊ငါဝယ်ပေးရလောက်အောင်အထိလည်း ပိုက်ဆံမရှိဘူး''

[ Money is the GOD ] Where stories live. Discover now