[အပိုင်း ၉]

255 30 7
                                    


''Hot Americanoတစ်ခွက်ပေးပါ''

*ဟုတ်ကဲ့ရှင့် ခနစောင့်ပေးပါနော်''

''အင်း''

ဂျယ်မင်း လက်ထဲကဖုန်းကိုဖွင့်လိုက်ကာကောင်တာဘေးကထိုင်ခုံမှာဝင်ထိုင်၍ဖုန်းကြည့်နေလိုက်၏။ဒီနေ့က သူအတန်းချိန်တွေမရှိသည့်ရက်မို့ဂျဲနိုနဲ့အတူအပြင်ထွက်Dateဖြစ်တာပင်။ဒါပေမဲ့ ချိန်းထားသည့်အချိန်ထပ်ပိုနောက်ကျနေသည့်ဂျဲနိုကြောင့်ကျောင်းဘေးနားက ကော်ဖီဆိုင်မှာဝင်စောင့်နေမည်လို့ဖုန်းဆက်ကာရောက်နေတာဖြစ်သည်။နောက်ပြီး ဂျယ်မင်းအနေနဲ့သူအပေါ်အခုလိုအနည်းငယ်အေးတိအေးစက်နိုင်သည့်ဂျဲနိုအပေါ် ခံစားချက်များရှိနေပေမဲ့တခါတလေတော့လည်းပျင်းလေသည်။သူအပေါ်ကိုဂရုစိုက်မှုဆိုသည့်အရာကို ဂျဲနိုဘက်ကသိပ်ပြလေ့မရှိချေ။

ထိုကြောင့် သူဘက်ကဘဲသဘောကျနေတာများလားလို့တောင်တွေးမိ့လာသည်အထိပင်။ဒါပေမဲ့လည်း သူတို့နှစ်ယောက်လုံးတွဲလိုက်ကြသည်ကလည်း အချိန်ခနလေးအတွင်းမှာဆိုပေမဲ့ ဂျယ်မင်းဘက်ကတော့ဂျဲနိုကိုတကယ်သဘောကျတာထပ်တောင်ပိုလေ၏။ထိုကြောင့်လည်း ဆံပင်အရောင်ဆိုးတာမကြိုက်ဘူးလို့ပြောသည့်ဂျဲနိုကြောင့် သူအရမ်းကြိုက်သည့်ဆံပင်အရောင်လေးကိုတောင်ပြောင်းလဲခဲ့တာဖြစ်သည်။အခုဆို ဂျယ်မင်းဆံပင်တွေသည်နက်မှောင်နေကာ ဖြူဖွေးနေသည့်အသားအရည်ကိုပိုပြီးပေါ်လွန်လာစေပေမဲ့ အနက်ဆိုမကြိုက်သည့်ဂျယ်မင်းကိုယ်တိုင်ကြောင့်သိပ်တော့အဆင်မပြေချေ။

''ဟင်းးး''

''ကျွန်တော်ကို Hot chocolate တစ်ခွက်ပေးပါနော်''

*ဟုတ်ကဲ့ရှင့် ခနလောက်တော့စောင့်ပေးပါအုံး*

''ဟုတ်ကဲ့ ရပါတယ်''

ထိုအသံလာရာကိုဂျယ်မင်းကြည့်လိုက်မိ့တော့ မြင်လိုက်ရသည့်မျက်နှာကြောင့် မျက်ခုံးတွေပင်မြင့်တက်သွားသည်အထိပင်။နောက် သူဘေးရပ်နေသည်ထိုတစ်ယောက်သည်လည်းသူကိုမြင်သွားသည်နှင့် မဲ့ပြုံးတစ်ချက်ပြုံးကာသူဘေးနားကခုံမှာဝင်ထိုင်လိုက်လေ၏။ထိုကြောင့် ဂျယ်မင်းမျက်နှာတွင်အပြုံးလှလှလေးတစ်ခုကိုဖန်တီးကာပြောလိုက်သည်။

[ Money is the GOD ] Where stories live. Discover now