''ကိုကို ကျွန်တော်လည်းလိုက်မယ်''''ျီးဘဲ မင်းဘာသာမင်းသပ်သပ်သွားChenle''
ဂျီဆောင်း အဆောင်အခန်းထဲကနေထိုသို့ပြော၍ထွက်လာလိုက်သည်။သို့ပေမဲ့ သူထွက်လာပြီးသိပ်မကြာသူနောက်ကနေအလျင်အမြန်ပြေးလိုက်လာသည့်Chenle။ထိုကြောင့် သက်ပြင်းကိုချကာလျှောက်လှမ်းနေသည့်ခြေလှမ်းတွေကိုရပ်ပစ်၍ သူနောက်ကနေပြေးလိုက်နေသူကိုရပ်ကြည့်နေလိုက်၏။နောက် သူအနားရောက်သည့်နှင့်အလျင်အမြန်လျှောက်နေသည့်ခြေလှမ်းတွေကိုရပ်ပစ်ကာ သူမျက်နှာကိုသနားကမားလေးကြည့်လာသည့်Chenle။ထိုကြောင့် ဂျီဆောင်းစိတ်ပျက်စွာကျစ်ကနည်းဆုတ်သတ်၍ ပြောလိုက်သည်။
''ငါကိုစိတ်ရှုပ်စရာကောင်းအောင်ကပ်တွယ်မနေနဲ့ Zhong Chenle''
သူထိုသို့ပြောလိုက်တော့ သူကိုကြည့်နေသည့်Chenleရဲ့နှုတ်ခမ်းလေးတွေသည်မဲ့ကျသွားကာ ခေါင်းကိုငုံ့၍ပြောလာလေသည်။ဒီကောင် ကူလီကူမာတွေလုပ်တတ်ပုံနဲ့ဂျီဆောင်းအသည်းတွေယားနေပြီပင်။ဘာကြောင့်လည်းဆို အမြင်ကပ်လွန်းလို့ဖြစ်ပြီး သူရှေ့ကတစ်ယောက်ကိုအမှုတ်သာကြိတ်ပေးပစ်လိုက်ချင်၏။
''ရှေ့ရက်တွေက ကိုကိုကအစောကြီးကျောင်းကိုသွားတယ်လေ၊နောက်ပြီး မနေ့ညကလည်းအဆောင်ကိုညနက်မှပြန်လာတယ်''
''အဲ့တာမင်းနဲ့ဘာဆိုင်လည်း ငါေ-ာက်ကိစ္စတွေကိုပါ...ဝင်ပါချင်နေတာလားဟေ့ကောင်!''
''ကိုကိုဘာလို့ဒေါသထွက်နေတာလည်း...ကျွန်တော်ဘာမှတောင်မပြောရတော့ဘူးလား''
ဂျီဆောင်းသူမျက်နှာကိုဝမ်းနည်းတကြီးကြည့်၍ပြောလာသူရဲ့မျက်ဝန်းကိုစိုက်ကြည့်၍ပြောလိုက်သည်။ဒီလောက်အအေးဒဏ်ထဲ ဆွယ်တာတစ်ခုထဲဝတ်ပြီးရှိုးထုတ်ပြနေတဲ့ရှေ့ကတစ်ယောက်သည် ကျောင်းကိုကျတစ်ယောက်ထဲမသွားရဲပေ ။နောက်ပြီး သူအနေနဲ့ရှေ့ကတစ်ယောက်နဲ့သူနဲ့ဘာမဟုတ်သည့်ဆက်ဆံရေးတစ်ခုကိုလည်း Markတို့ကိုအသိမခံချင်ပေ။ထိုကြောင့်လည်း ကျောင်းအတူသွားဖို့ကိုငြင်းနေမိ့တာဖြစ်သည်။
''ကျောင်းကိုမင်းခြေထောက်နဲ့မင်းသွားChenle''
''သွားတာကတော့ ကျွန်တော်ခြေထောက်နဲ့ဘဲကျွန်တော်သွားမှာပါ ကိုကို''
![](https://img.wattpad.com/cover/364315376-288-k721349.jpg)