[အပိုင်း ၁၃]

247 26 2
                                    


''ဒီနေ့အတန်းတက်ရတာပင်ပန်းလိုက်တာ''

ထိုသို့ပြောကာ ဟယ်ချန်းဘေးဝင်ထိုင်လိုက်သည့်ဂျယ်မင်းသည်တကယ်အပျင်းကြီးလွန်းသည့်ကြောင်ပေါက်လေးလိုပင်။နောက် ဟယ်ချန်းလက်ထဲကိုင်ဆောင်ထားသည့်မေးခွန်းလွှာစာရွက်ကိုယူကြည့်ကာ နှုတ်ခမ်းပါးလေးတွေကိုဆူထော်၍မေးလေသည်။ဒီနေ့က ဂျယ်မင်းအတွက်အတန်းချိန်များသည့်ရက်မို့ သီးသန်လေရှုူချိန်တောင်မရသည်အထိမအားလပ်ချေ။ဒါပေမဲ့ အခုကအတန်းချိန်တစ်ချိန်သာကျန်တော့သည်မို့ သးလည်းဝင်ပေါ့သွားလေ၏။မဟုတ်ရင် ဒီနေ့ကျောင်းကနေငိုပြီးပြန်ထွက်ရမည်အထိဖြစ်ကုန်မှာပင်။

သူရဲ့နှုတ်ခမ်းတဆူဆူဖြစ်နေသည့်ပုံစံက ချစ်စရာကောင်းလွန်းနေသည်ဆိုတာကို ဂျယ်မင်းကိုယ်တိုင်ကမသိပေမဲ့ဘေးနားထိုင်နေကြတဲ့ လူတွေကသိကြသည်မို့ပြုံး၍မသိမသာကြည့်နေကြလေသည်။တကယ့်ရွှေဇွန်းကိုက်ပြီးတောင်မဟုတ် ရွှေပလ္လင်နဲ့နေခဲ့ရမှန်းသိသာလွန်းသည့် ဂျယ်မင်းပုံစံလေးကအပြင်ကကျနေသည့် နှင်းဖွားလေးတွေလိုပင်။ဖြူစွတ်ကာ ရဲစက်နေသည့်အသားအရည်ကို ပန်းနုရောင်အင်္ကျီလေးဖြင့်အလှဆင်ထားတော့ ဘေးလူတွေကိုပါငေးကနည်းဖြစ်စေ၏။

''ငါတော့ သွားပြီထင်တယ်သေချာကျက်ထားတဲ့ကြားက အဖြေတွေမှားရေးခဲ့မိတယ် ဟယ်ချန်း''

''ပြကြည့် မင်းဘယ်ဟာမှားတာလည်း''

''ဒီဟာတွေ''

စာလိုက်နိုင်သည့် ဟယ်ချန်းကစာမေးပွဲဖြေပြီးသည်တိုင် အေးဆေးပင်ဖြစ်သည်။သူအဖြေတွေမှတ်ထားသည့် မေးခွန်းလွှာကိုကြည့်ကာ ပြန်ရှင်းပြနေသည့်ဟယ်ချန်းပုံစံက လေးနက်နက်ပင်။အနာဂတ်အတွက်ဆိုပြီး သူကတွေးပူနေတုန်းမျိုးတွေမရှိပေမဲ့၊ဟယ်ချန်းမှာတော့ အနာဂတ်အတွက်မှန်းစထားတာတွေရှိပုံရ၏။ဟယ်ချန်းရှေ့ထိုင်နေသည့် Markကတော့ ဟယ်ချန်းမျက်နှာကိုသာအရိပ်တကြည့်ကြည့်ဖြစ်နေသည်။ဟယ်ချန်းကတော့ သူမေးသမျှကိုသာအာရုံစိုက်ဖြေပေးနေပြီး မျက်လုံးတွေပင်ပေါက်ထွက်တော့မတတ်စိုက်ကြည့်နေသည့်ဘMarkကိုဂရုပင်မပြုချေ။ထိုအချိန် သူတို့ထိုင်နေသည့်နေရာကို စကားတပြောပြောဖြင့်လျှောက်လာသည့်လူသုံးယောက်ထဲကနေ jenoဘေးတွင်ရပ်ကာဟန်ဆောင်ပြုံးတို့ဖြင့် ဝေ"ဆာနေသည့်တစ်ယောက့ကိုကြည့်ကာ ဂျယ်မင်းမျက်နှာသည်ထိန်းမရအောင်ပျက်သွားလေ၏။ထိုသို့မျှ သူငြိမ်သက်သွားသည်ကိုသတိထားမိ့သွားသည့် ဟယ်ချန်းကပါသူစိုက်ကြည့်နေသည့်နေရာကို လှမ်းကြည့်ကာသက်ပြင်းတစ်ခုကိုချလေသည်။နောက် အနားရောက်လာသည့်jenoက မျက်တောင်မခတ်တမ်းစိုက်ကြည့်နေသည့်သူကို တစ်ချက်သာစိုက်ကြည့်ပြီးအနားမှာဝင်ထိုင်လေ၏။မသိရင် သူနဲ့jenoကြားမှာဘာဆက်ဆံရေးတစ်ခုမှ မရှိခဲ့သလို။

[ Money is the GOD ] Where stories live. Discover now