''မင်းရော ဘာမှဝယ်မစားပါလားဂျယ်မင်း''ကျောင်းရဲ့လျှောက်လမ်းလေးပေါ်မှာ နှစ်ယောက်သားလမ်းလျှောက်နေရင်းကနေဟယ်ချန်းမေးလိုက်တော့ ဖုန်းသုံးနေသည့်ဂျယ်မင်းသည့်ဖုန်းကိုချ၍ဘေးဘီကိုလိုက်လ့ကြည့်နေလေသည်။မိုးပမာ တဖွဲဖွဲကျဆင်းတော့မတတ်ဖြစ်နေသည့် ဆောင်းရဲ့အအေးဓာတ်ကြောင့်သူကြည့်နေသည့်ဂျယ်မင်းမျက်နှာသည်ရဲနေလေ၏။နောက်ပြီး မုန့်စားဖို့နေရာရှာနေသည့်သူကိုကျောင်းသားနားနေဆောင်အထဲကိုလက်ဆွဲခေါ်သွားကာ ထိုအထဲကလူရှင်းသည့်ခုံတန်းလေးမှာဝင်ထိုင်၍စောစောက သူမေးသည့်စကားကိုတုန့်ပြန်လာလေသည်။
''ငါကအပြင်စာတွေသိပ်မကြိုက်လို့၊အဲ့ဒါကြောင့် အိမ်ကဘဲအမြဲယူလာနေကျ''
''သြော်....ဒီအသက်အရွယ်တောင်ရောက်နေပြီထူးဆန်းလိုက်တာ ဂျယ်မင်း''
ဟယ်ချန်းဝယ်ထားသည့် ပေါင်မုန့်လေးကိုတစ်ကိုက်ကိုက်ကာပြောလိုက်တော့ ဂျယ်မင်းကနှုတ်ခမ်းကိုခပ်လှလှလေးမဲ့ပြလေသည်။အတန်းဆင်းချိန်တွေကိုက်နေကြသည်ထင် အခုနားနေဆောင်မှာလူသွားလူလာမပြတ်ပေ။နောက် ဟယ်ချန်းသူလက်ကနာရီကိုတစ်ချက်ငုံ့ကြည့်ကာနောက်နာရီဝက်နေရင်တတ်ရမည့်အတန်းတစ်ခုရှိသေးသည်မို့ အစားကိုသွပ်သွပ်စားနေမိ့၏။သူရှေ့ထိုင်နေသည့်ဂျယ်မင်းသည့် ဖုန်းကိုသာအာရုံစူးစိုက်၍သာကြည့်နေကာ ငြိမ်နေလေသည်။ထိုကြောင့် ဟယ်ချန်းသူဖုန်းကိုကိုင်ကာကြည့်တော့မိ့အချိန် ဂျယ်မင်းဘေးဝင်ထိုင်လိုက်သည့်လူအချို့ကြောင့်မျက်ခုံးပင့်လိုက်မိ့၏။ဂျယ်မင်းသည် ခပ်တည်တည်ဖုန်းကြည့်နေရာကနေအနားလာထိုင်သည့်လူတွေကြောင့် ချက်ချင်းလက်ထဲကဖုန်းကိုချကာသူကိုကြည့်၍ပြောလာလေသည်။
''ငါစာပို့ပြီးခေါ်လိုက်လို့ ရောက်လာကြတယ်၊ငါတို့နှစ်ယောက်တည်းဆို ပျင်းသေသွားမှာဆိုးလို့''
''ရပါတယ် မင်းခေါ်လိုက်တာမမှားဘူးလေ ဂျယ်မင်း''
ဟယ်ချန်း သူကိုစိုက်ကြည့်နေသည့်ရှေ့ကMarkကိုတစ်ချက်စိုက်ကြည့်လိုက်ပြီး ဂျယ်မင်းရဲ့နောက်တစ်ဖက်မှာထိုင်နေသည့်ဂျီဆောင်းကိုကြည့်ကာပြောလိုက်သည်။
![](https://img.wattpad.com/cover/364315376-288-k721349.jpg)