''အင်း.....စာတမ်းရေးခိုင်းထားတာကမနေ့ကလေ၊မင်းကအတန်းမလာတော့ ပရော်ဖက်ဆာဂျွန်ကတောင်ကြိမ်းနေတာ''မနေ့ကရောဒီနေပါအတန်းမလာသည့်Markကဖုန်းဆက်ကာ သင်ခဲ့သမျှတိုင်းကိုမေးနေလေ၏။သူနဲ့Markနဲ့က အချိန်ဇယားအကုန်တူလေသောကြောင့် သူကိုသာဖုန်းဆက်ကာအပူကပ်နေတာဖြစ်သည်။လာကြမလာဘဲ အခန်းအောင်းနေမည့်ကောင်က ဒီနေ့မှသူကိုအချိန်မှီလာမေးနေလေ၏။မသင်ထားတာတွေပါ ထည့်ပြောလိုက်ချင်ပေမဲ့ဂျီဆောင်ူထိုမျှလောက်ထိစကားမပြောချင်။သူကိုမပြီးနိုင်မစီးနိုင်မေးနေသည့်Markက တကယ်စာတမ်းပြုစုဖို့ဆိုတာမဖြစ်နိုင်သည့်အချက်ပင်။
''ရပြီ မနက်ဖြန်တော့အတန်းတက်အုံး၊ဂျယ်မင်းနားပူဒဏ်ကိုငါတစ်ယောက်တည်းမခံနိုင်ဘူး Mark''
''အင်း မနက်ဖြန်လာမှာပါ၊မင်းအသံကအရမ်းပူဆွေးသောကရောက်နေသလိုဘဲ.....ဘာလည်းငါကိုမတွေ့ရလို့လွမ်းနေပြီလား''
''အဟက် သေလိုက်လေMark''
''Di*kဘဲ ဂျီဆောင်း၊ဒါနဲ့ မင်းအခန်းဖော်မလာသေးဘူးဆို''
သူအခန်းထဲကိုအခန်းဖော်အသစ်ရောက်မလာသေးတာကို Markဘယ်လိုများသိနေလည်းမသိချေ။ဂျီဆောင်း စာကြည့်စားပွဲမှာထိုင်ကာ Laptopကိုဖွင့်လိုက်ပြီးသူကိုဖရော်ဖက်စာဂျွန်ပို့ထားသည့် စာတမ်းပြုစုရမည့်အဓိကအချက်တွေကို စာအုပ်တစ်ခုမှာချမှတ်နေမိ့၏။speakerဖွင့်ထားသည့် ဖုန်းကိုဘေးမှာချကာMarkပြောနေသည့်စကားများကိုလည်း နားထောင်နေမိ့သည်။အခန်းထဲမှာနေနေရသည်တောင် အေးနေတာအပြင်မှာဆိုအေးလွန်းလို့ခြေချချင်စရာတောင် ကောင်းမည်မဟုတ်ပေ။
''ငါ အလှလေးတစ်ယောက်ထပ်တွေ့ထားတယ် ဂျီဆောင်း''
''အင်း''
''သူကိုတော့ တကယ်ကြိုက်တာ....ငါအကြိုက်ပုံစံနဲ့လုံးဝကွက်တိဘဲ''
တတ်ကြွနေသည့် Markအသံကြောင့်ဂျီဆောင်းပြုံးလိုက်မိ့၏။နောက်ပြီးကျရင်လည်း ရိုးသွားပါပြီဆိုတဲ့စကားကထိုကောင်ဆီကပြန်ကြားရမည်လို့တော့ ဂျီဆောင်းထင်သည်။Markသည် စိတ်ကသာတစ်ခါတလေအရူးဆန်ပေမဲ့ရည်းစားလေးရှိမှနေတတ်ထိုင်တတ်သည်ကောင်ပင်။ဂျယ်မင်းနဲ့အဲ့ဒါတွေကြောင့်လည်း တည်ကြတာဖြစ်သည်။ဂျယ်မင်းကကျ သးမျက်လုံးထဲထင်ပေါ်နေသည်လူဆိုတာနဲ့ကောက်ခါငင်ကာတွဲဖြစ်တတ်လေ၏။Markကကျအနည်းငယ်မူကာ သူသဘောကျနေသည့်လူရဲ့အကြောင်းတွေကိုလိုက်လံရှာဖွေသည့်အမှုကိုပြုလုပ်တတ်သေးသည်။ထိုကြောင့်လည်း ထိုကောင်နဲ့တွဲသည့်လူတိုင်းကတကယ်အမိုက်တွေဖြစ်နေတာပင်။
![](https://img.wattpad.com/cover/364315376-288-k721349.jpg)