အပေါ်ထက်သို့ရောက်သောအခါ....
" ထိုင်လေ အဲ့အတိုင်း မတ်တပ်ရပ်နေချင်လို့လား? "
" အာ.. မဟုပါဖူး "
နှစ်ယောက်လုံးဘာမှမပြောပဲ သူတို့နှစ်ယောက်ကြားလေဟာနယ်က တိတ်ဆိတ်နေလေသည်။ အဲ့ဒီတိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သော သူက~~
" မင်းအကြောင်းအရင်ပြောမလား ကျုပ်အကြောင်းအရင်ပြောြပရမလား? "
" ရှင့်အကြောင်းအရင်ပြောပါ~ "
"အိုခေ ကျုပ်မှာမကောင်းတဲ့အချက်တွေ အများကြီးရှိတယ် အရက်သောက်တယ် ဆေးလိပ်သောက်တယ် မိန်းမရှုပ်တယ် အိမ်ကိုလည်းအမြဲနောက်ကျမှ ပြန်လာတယ် "
"-----"
" မင်း ကျုပ်နဲ့ယူမယ်ဆိုရင် ကျုပ်ရဲ့အကျင့်တွေကိုလက်ခံပေးနိုင်မှရမှာ ကျုပ်ရဲ့အကျင့်တွေကို မင်းကိုယူမယ့်အတွက်ကြောင့်နဲ့တော့ မပြင်ပေးနိုင်ဖူး "
" ဘယ်လိုလဲ လက်ခံနိုင်လား? "
" အမ်~~ လက်ခံပေးနိုင်ပါတယ် ၊ တစ်ခုပဲ ရှင်ကမူးရင် လက်တွေဘာတွေပါတတ်လား "
သူမေးလိုက်တဲ့မေးခွန်းကြောင့် ကောင်းစစ်မှုးသွင်တစ်ယောက် တော်"လေးရယ်ချင်သွားလေသည်။ ဘာလို့လဲဆိုတော့ သူကမူးရင် သွေးဆိုးတယ် တွေ့သမျှလူကို ရည်းစားစကားလိုက်ပြောတယ် အဲ့တာပဲလုပ်တတ်တာလေ လက်မှမပါတတ်တာ။
ဒါပေမဲ့ သူအဲ့လိုမပြောဖူး သူပြောလိုက်တာက..
" ရက်စ် ကျုပ်ကမူးရင်သွေးဆိုးတယ် လက်ပါတတ်တယ် ၊ ဘယ်လိုလဲ မင်းအတွက်အဆင်ပြေရဲ့လား? "
" အင်း ဘယ်တတ်နိုင်မလဲ အဆင်မပြေလဲပြေအောင်နေရမှာပေါ့ "
" ဒါဆို ရှင်းအကြောင်းပြောလို့ရပီလား "
" အင်း ပြော "
" ရှင်းက ကလေးဆန်တယ် စိတ်ဆိုးစိတ်ကောက်သန်တယ် ရှင်းအပိုင်ဖြစ်သွားရင် ဘယ်သူနဲ့မှရောတာမကြိုက်ဖူး "
" ဒါဆို မင်းနဲ့ကိုယ်နဲ့အဆင်မပြေလောက်ဘူးထင်.. "
ေကာင်းစစ်မှုးသွင်တစ်ယောက် သူ့စကားပြောတာတောင် မဆုံးသေးပဲ ရှင်းပြောလိုက်တဲ့စကားကြောင့် ခေတ္တမျှ ကြောင်သွားလေသည်။
" ဒါပေမဲ့ ရှင်နဲ့ယူပီးရင်တော့ ရှင်မကြိုက်တဲ့အကျင့်တွေအကုန်ပြင်ပေးမှာပါ အဲ့ဒါဆိုအဆင်ပြေသွားပီ မဟုလား? "
" အိုခေ မင်းအဆင်ပြေရင်ပီးတာပဲ "
" အာ ဒါနဲ့ကျွန်ရှင့်ကို ဘယ်လိုခေါ်ရမလဲဟင်~ "
" မင်းအဆင်ပြေသလိုခေါ် "
" မောင် "
" မောင်လို့ခေါ်မယ် ရတယ်မလားဟင် "
" ဟေး ကျုပ်ကမင်းထက်ကြီးတယ်နော် မင်းထက်ငယ်တဲ့သူမဟုဖူး "
"သိပါတယ် မောင်လို့ခေါ်တာက အသက်ငယ်တာကြီးတာနဲ့ ဆိုင်မှမဆိုင်တာ ကျွန်မကရှင့်ကို တခြားသူတွေနဲ့မတူတဲ့ သီးသန့်နာမ်စားမျိုးနဲ့ ခေါ်ချင်လို့ခေါ်တာလေ မရဖူးလား~ "
" ရတယ် မင်းသဘော "
" ဒါဆို မောင်ရောကျွန်မကို ဘယ်လိုခေါ်မှာလဲ "
" ရှင်း "
" ရှင် မောင်~ "
" အဟမ်း" အောက်ဆင်းကြမယ် မာမီတို့စောင့်နေလောက်ပီ "
" ဟုတ် "
ထို့နောက် နှစ်ယောက်လုံးအောက်ထပ်သို့ ဆင်သွားကြလေသည်။
" ဟော သားတို့တောင်လာကြပြီ ၊ လာ" ဒီမှာလာထိုင် "
" ဟုတ် မာမီ "
" ဒါနဲ့ သားတို့နှစ်ယောက် စကားပြောကြတာ အဆင်ပြေလား "
ထို့သို့မေးလိုက်သူမှာ ရှင်းရဲ့အမေ
" ဟုတ် ပြေပါတယ်ဗျ "
" ရှင်း သမီးလေးဘက်ကေရာ အဆင်ပြေလား "
" ဟုတ် အဆင်ပြေပါတယ် အန်တီ "
" ကဲ ဒါဆိုဘာကိုစောင့်နေရအုံးမှာလဲ မဂ်လာရက်ရွေးရတော့မှာပေါ့ မဟုဖူးလား မိန်းမ "
" ဒယ်ဒီ မဂ်လာရက်ရွေးဖို့က မစောလွန်းဖူးလားဗျာ "
" မစောပါဖူး သားရယ် သားရောသမီးရောအဆင်ပြေနေတာပဲလေ တော်ကြာ ထပ်စောင့်နေရင် ကြားထဲမှာအနှောက်အယှက်တွေ ဝင်လာမယ် "
" ဟုတယ် မိန်းမရေ ရက်ကောင်းတာလေရွေးပီး မြန်မြန်သာစီစဉ်လိုက်တော့ "
" ကဲ သူငယ်ချင်း နင့်ဘက်ကရော အကုန်အဆင်ပြေတယ်မလား "
" ပြေပါ့ရှင် သမီးရောသားရောအဆင်ပြေနေတာပဲ ကျွန်မကဘာအဆင်မပြေစရာရှိရမှာလဲ "
ထို့နောက် နှစ်ဖက်မိသားစုကမဂ်လာရက်ရွေးပီး အဆင်ပြေသွားကြလေသည်။
************************************
next Part 5 ( Wedding day)💐
ဖတ်ပီး Vote & Review လေးရေးပေးခဲ့ြကပါလားဗျာ 😔💗
YOU ARE READING
What is Love?
Fanfictionဒါလေးက Gl fic ဆိုပေမယ့် Typeကnormal ဘက်ကိုသွားပါမယ်ဗျ ။ မိဘကပေးစားလို့ မချစ်ပဲနဲ့လက်ထပ်လိုက်ရတဲ့သူနှစ်ယောက် သူတို့ကြားထဲမှာဘယ်သူတွေဝင်လာမလဲ သူတို့ရဲ့ဆက်ဆံရေးကရော အဆင်ပြေပါ့မလား?