ေမရှင်းသန့်မောင် အိမ်သို့တစ်ယောက်ထဲပြန်သွားလေသည် ၊ သူ့စိတ်ထဲမှာကောင်စစ်မှုးသွင်ကိုတော်တော်လေးစိတ်ဆိုးနေလေသည် ၊ ဒါကြောင့်ကောင်စစ်မှုးသွင်သူ့အနောက်ကလိုက်လာပြီးချော့မယ်ထင်ပြီးပြန်သွားခြင်းဖြစ်သည် ၊ ဒါပေမဲ့ကောင်စစ်မှုးသွင်က သူ့နောက်ကလိုက်လာပြီးချော့ဖို့နေနေသာသာ တညလုံးအိမ်တောင်ပြန်မလာပေ ။
မနက်သို့ရောက်သော်...
မေရှင်းသန့်မောင်နိုးစက်အသံကြောင့်နိုးလာလေသည် ဘေးကိုကြည့်လိုက်တော့ဘယ်သူမှရှိမနေခဲ့...
" မောင်ကညကပြန်မလာဖူးလား? "
မေရှင်းသန့်မောင်မာမီကိုသွားမေးရန်ဆုံးြဖတ်လိုက်လေသည်။
ထို့နောက်အောက်ထပ်သို့ဆင်းသွားကာ...
" မာမီ မောင်ညကပြန်မလာဖူးလားဟင် "
"ပြန်မလာဖူးသမီးရဲ့ သမီးကိုဘာမှပြောမသွားဖူးလား "
" မပြောဖူး မာမီ ညကသမီးသူနဲ့ရန်ဖြစ်ပြီးထွက်လာတာ အဲ့ဒါကြောင့်သူ့ကိုဘာမှမမေးခဲ့ရဖူး "
" အိုကွယ် သမီးနဲ့သားနဲ့ ရန်ဖြစ်ထားတာလား မာမီထင်တော့ထင်ပါတယ် ညတုန်းကသမီးနဲ့သားနဲ့ကအတူတူထွက်သွားပြီး ပြန်လာတော့သမီးတစ်ယောက်ထဲြပန်လာကတည်းက မာမီကမေးချင်နေတာ ဒါပေမဲ့သမီးစိတ်ညစ်မှာဆိုးလို့ မမေးတော့တာ "
မေရှင်းသန့်မောင် သူတို့ပြဿနာတွေမာမီ့ကိုမသိစေချင်တာကြောင့် ဘာမှပြန်မပြောချေ ၊ ဒေါ်ဟန်နီချိုလည်း သူတို့လင်မယားရန်ဖြစ်တဲ့ကိစ္စကိုဆက်မမေးတော့ပဲ စကားလမ်းကြောင်းလွဲလိုက်လေသည်။
" သမီး "
" ရှင် မာမီ "
" သားကိုဖုန်းဆက်ပြီးမေးကြည့်လိုက်လေ "
" နေပါစေမာမီ သမီးသူ့ကိုဖုန်းမဆက်ချင်ဖူး "
ထို့နောက်မေရှင်းသန့်မောင်အပေါ်သို့တက်သွားလေသည်။
ဒေါ်ဟန်နီချို သူတို့နှစ်ယောက်နောင်ရေးကိုတွေးရင် ရင်လေးနေမိသည် ၊ အခုသားနဲ့သမီးကယူထားတာတစ်လတောင်မပြည့်သေးပဲ ဒီလောက်ပြဿနာတွေတတ်နေတာ နောက်ပိုင်းဘယ်လောက်တောင် ပြဿနာတွေတက်ကြမလဲ သူတို့နှစ်ယောက်တစ်ယောက်ကိုတစ်ယောက်နားမလည်ပေးနိုင်ရင် သူတို့တွေရဲ့အိမ်ထောင်ရေးက ဘယ်လိုမှအဆင်ပြေမှာမဟုဖူးလေ...
YOU ARE READING
What is Love?
Fanfictionဒါလေးက Gl fic ဆိုပေမယ့် Typeကnormal ဘက်ကိုသွားပါမယ်ဗျ ။ မိဘကပေးစားလို့ မချစ်ပဲနဲ့လက်ထပ်လိုက်ရတဲ့သူနှစ်ယောက် သူတို့ကြားထဲမှာဘယ်သူတွေဝင်လာမလဲ သူတို့ရဲ့ဆက်ဆံရေးကရော အဆင်ပြေပါ့မလား?