Part 17 ( final)

718 23 2
                                    

မေရှင်းသန့်မောင် အောက်ထပ်ကိုဆင်းတော့ ပွဲကစနေပြီဖြစ်သည်။ ကောင်းစစ်မှုးသွင်ကမဂ်လာဆောင်ကိုခမ်းခမ်းနားနားမလုပ်ပဲ အိမ်မှာပဲပါတီပုံစံမျိုးလေး စီစဉ်လိုက်တာမလို့ သူငယ်ချင်းတွေအသိမိတ်ဆွေတွေ ဆွေမျိုးတွေလောက်ပဲ ရှိလေသည်။

မေရှင်းသန့်မောင်ရဲ့အမေက သူသမီးဆင်းလာတာကိုတွေ့တာနဲ့ မေရှင်းသန့်မောင်အနားသွားပြီးမေးလိုက်လေသည်။

" သမီး အပေါ်မှာအကြာရီးဘာတွေလုပ်နေတာလဲကွယ် "

" ဘာမှမလုပ်ပါဖူးမေမေရယ် ဒီတိုင်းစကားနည်းနည်းပါးပါးပြောနေတာ အော် ပွဲတောင်စနေပြီပဲ သွားကြရအောင်လေ "

" အေးအေး "

မေရှင်းသန့်မောင်ကစကားလမ်းကြောင်းလွှဲလိုက်တာကြောင့် မေရှင်းသန့်မောင်ရဲ့အမေကဆက်မမေးတော့ပဲ ရပ်လိုက်လေသည်။

ခနကြာတော့ ပွဲကစလေသည် ၊ ကြီးကြီးကျယ်ကျယ်လုပ်တာမဟုတ်ပဲနဲ့လပ်စွပ်လွဲရုံလောက်ပဲလုပ်ပီး အမှတ်တရအနေနဲ့ကိတ်ခွဲလိုက်လေသည် ၊ ပြီတော့ပွဲမှာရှိတဲ့သူတွေအားလုံးပျော်ပါးသောက်စားရင်း ည8နာရီလေုက်မှပွဲပြီးသွားလေသည် ပွဲပြီးတော့ဧည့်သည်တွေအကုန်ပြန်သွားကြပေမယ် ကုမ္ပဏီကဝန်ထမ်းတွေနဲ့ ကောင်းစစ်မှုးသွင်ရဲ့သူငယ်ချင်းတွေကတော့မပြန်ကြသေး ၊ ကောင်းစစ်မှုးသွင်ကသူတို့တွေကို ပါတီပွဲပြီးသွားတာနဲ့ club ခေါ်သွားမယ်ဆိုပြီးကတိပေးထားလို့ပင်။

" ကဲ ဒီတော့ ကျွန်တော်အားလုံးကိုကတိပေးထားတဲ့အတိုင်း club ခေါ်သွားပီး ဒကာခံပါမယ်ခင်ဗျာ "

" ရေးးးးးးး "

" ကဲ သွားကြစို့ဗျာ "

ကုမ္ပဏီကဝန်ထမ်းတွေရောကောင်းစစ်မှုးသွင်နဲ့သွန်းသစ္စာအိမ်တို့ရဲ့သူငယ်ချင်းတွေရော အားလုံးကိုယ်စီ"သွားလိုက်တော့ မေရှင်းသန့်မောင်တို့မိသားစုပဲကျန်ခဲ့လေသည် ၊ ဒါကိုကောင်းစစ်မုှးသွင်ကမြင်သွားတော့...

" ရှင်း မင်းလည်းလိုက်ခဲ့ " ဆိုပြီးမေရှင်သန့်မောင်ကိုလက်ဆွဲပြီး ခေါ်သွားလိုက်လေသည်။

What is Love?Where stories live. Discover now