Part 11

417 16 2
                                    

နောက်နေ့မနက်ရောက်သောအခါ...

" ကိုကို သွားတော့မလို့လားဟင် "

ရေချိုးပြီးပြင်ဆင်နေတဲ့ ​ကောင်းစစ်မှုးသွင်ကိုကြည့်ကာ သစ်ခက်နွယ် မေးလိုက်တာဖြစ်သည်။

" အင်း သွားတော့မလို့ နွယ်ကအိပ်ပျော်နေတော့ မနိုးရက်လို့ အဲ့အတိုင်းထားလိုက်တာ "

" ဟွန့် ကိုကိုကနွယ့်ကိုထားပြီးသွားမလို့ စဉ်းစားနေတာလား "

" မဟုတ်ရပါဖူးဗျာ ကိုကိုကခဏလေးအိမ်ပြန်မလို့ ပြီးတာနဲ့နွယ့်ဆီပဲ​ြပန်လာမှာ "

" ဟွန်း ပြီးရော~ "

" ကိုယ်သွားတော့မယ် နွယ် "

" ဟုတ် ကိုကို "

" အော် ဒါနဲ့ ညနေကြရင်ရုံးကိုခဏလာခဲ့ ကိုယ့်ရဲ့အပန်းဖြေစံအိမ်သော့ နွယ့်ကိုပေးမလို့ "

" နွယ့်ကိုအဲ့ဒီ့အိမ်သော့ ပေးထားမလို့လား "

" အင်း ဟုတ်တယ်လေ ကိုယ်နဲ့အတူတူမဟုတ်ပဲ နွယ်အားရင်လည်းတစ်ယောက်တည်းသွားနေလို့ရအောင် "

" ဟီးဟီး ကိုကိုကအရမ်းချစ်ဖို့ကောင်းတာပဲ "

" အဟမ်း" ကိုယ်သွားပြီနော် နွယ် "

" ဟုတ် ကိုကို တာ့တာ "

ထို့နောက်ကောင်းစစ်မှုးသွင် ထွက်သွားလေသည် ၊ သစ်ခက်နွယ်ကတော့ သူလိုချင်တာရသွားလို့ တစ်ယောက်ထဲ ပျော်နေလေသည် ။




**********************************






အိမ်သို့ရောက်သော်အခါ...

အိမ်ထဲသို့ဝင်လိုက်တာနဲ့ တိတ်ဆိတ်နေတာကြောင့် ကောင်းစစ်မှုးသွင် နည်းနည်းတော့ ထူးဆန်းနေလေသည် ၊ ထို့နောက် အပေါ်ထပ်ကသူ့အခန်းထဲသွားရန် စဉ်းစားလိုက်လေသည် ။

အပေါ်ထပ်ရောက်တော့ အခန်းတံခါးကိုဖွင့်လိုက်တာနဲ့ ဝရန်တာမှာတစ်ယောက်ထဲရပ်နေတဲ့ မေရှင်းသန့်မောင်ကိုတွေ့တာနဲ့ မေးလိုက်လေသည်။

" ရှင်း မာမီနဲ့ဒယ်ဒီဘယ်သွားတာလည်း "

ကောင်းစစ်မှုးသွင်းအသံကိုကြားမှ မေရှင်းသန့်မောင် ကျလက်စမျက်ရည်များကိုသုတ်လိုက်ကာ...

What is Love?Where stories live. Discover now