Part 10

449 14 0
                                    

ိထို့နောက် သိပ်မကြာ သစ်ခက်နွယ်ရောက်လာလေသည် ။

" ကိုကို "

ကောင်းစစ်မှုးသွင် သစ်ခက်နွယ်ကိုတစ်ချက်ကြည့်ပြီး အင်းဟုသာပြန်ဖြေလိုက်လေသည်။

" အင်း "

" ကိုကိုကလည်း သူစိမ်းဆန်လိုက်တာ "

" မဟုပါဖူးဗျာ ကိုယ်နည်းနည်းအလုပ်များနေလို့ "

" နွယ်နဲ့စကားပြောဖို့တောင် အချိန်မရဖူးလားဟင် "

" ရပါတယ် မင်းဘာပြောမလို့လဲ "

" ဟိုလေ ညကကိစ္စကြောင့် ရှင်းကိုကို့ကိုပြဿနာရှာလား သိချင်လို့ "

" ပြဿနာတော့မရှာပါဖူး ဒါမဲ့ညကဘာလို့ပြန်မလာတာလည်း ဘယ်သွားတာလည်းဆိုတာကိုတော့ ဖြေရှင်းချက်ပေးလိုက်ရတာပေါ့ "

" တော်သေးတာပေါ့ နွယ်ကရှင်းနဲ့ကိုကိုနဲ့ ပြဿနာဖြစ်မယ်ထင်လို့ "

" မဖြစ်ပါဖူး မင်းအဲ့ဒါကိုစိတ်ပူစရာမလိုဖူး "

" အွန်းပါ ၊ ဒါနဲ့ ကိုကိုနွယ်လေညကြရင်သွားစရာရှိလို့ အဲ့ဒါကိုကို လိုက်ခဲ့ပေးပါလားဟင် "

" ဒီညလား? "

" အွန်း ဟုတ်တယ် "

" ဒီညတော့မရလောက်ဖူး ဘာလို့လဲဆိုတော့ ကိုယ်မနေ့ကမှအပြင်ထွက်ထားတာလေ ဒီညထပ်ထွက်ရင်ရှင်းမှမဟုတ်ဖူး မာမီပါပြဿနာရှာလိမ့်မယ် "

" ဟင့် ကိုကိုသာမလိုက်ရင် နွယ်ကတစ်ယောက်ထဲဖြစ်နေမှာ "

" မင်းက ဘယ်ကိုသွားမှာမို့လို့လည်း? "

" ညကြရင် နွယ့်သူငယ်ချင်းရဲ့မွေးနေ့မလို့ နွယ့်ကိုဖိတ်ထားတာ အဲ့ဒါနွယ်ကနွယ့်ကောင်လေးပါခေါ်လာမယ်လို့ ပြောထားတာ ကိုကိုသာမလိုက်ရင်နွယ့်ကိုဝိုင်းလှောင်ကြတော့မှာ အဟင့် "

" မင်းကောင်လေး? "

" နွယ်ကသူတို့တွေ ဝိုင်းလှောင်ကြမှာဆိုးလို့ ပြောလိုက်ရုံပါ အဲ့ဒါလေ ဒီတစ်ညပဲနွယ့်ကောင်လေးအဖြစ်နေပေးလို့မရဖူးလားဟင် "

သစ်ခက်နွယ်ကသူ့ကိုမျက်နှာငယ်လေးနဲ့ပြောနေတော့ ကောင်းစစ်မှုးသွင်လည်း သနားပြီးလက်ခံပေးလို်က်လေသည်။

What is Love?Where stories live. Discover now