မေရှင်းသန့်မောင် သူ့သူငယ်ချင်းသစ်ခက်နွယ်ဆီကို ဖုန်းဆက်လိုက်လေသည်။
" တီတီတီတီ " ( ဖုန့်မြည်သံ )
" Hello "
" သစ်ခက်နွယ် နင်းအားရင် ငါ့အိမ်ခဏလောက်လာခဲ့ပါလား ငါနင့်ကိုအရေးကြီးပြောစရာရှိလို့ "
" ဒီနေ့တော့မအားသေးဖူး မနက်ဖြန်နေ့လည်လောက်ကြရင် လာခဲ့မယ်လေ ရတယ်မလား "
" ရတယ် "
" အာ့ဆိုဒါပဲနော် ရှင်း "
" အင်း "
ထို့နောက် ေမရှင်းသန့်မောင်ဖုန်းချလိုက်ပြီး စိတ်ထဲတွင်...
" နင်ကသိပ်သရုပ်ဆောင်ကောင်းတာပဲ သစ်ခက်နွယ်ရယ် ငါ့နောက်ကွယ်မှာငါ့ယောကျာ်းနဲ့ဖောက်ပြန်နေပြီးတော့ ဘာမှမဖြစ်ထားသလိုမျိုး ငါနဲ့စကားပြောရဲတယ်ပေါ့ တကယ့်ကိုအရှက်မရှိတဲ့မိန်းမပဲ! "
ထို့သို့ တွေးနေလေသည်။
*******************************
" အကုိလေး ရောက်လာပြီလား "
" ဟုတ်ကဲ့ ကြီးကြီး "
" မလာတာတောင်ကြာပေါ့ကွယ် "
" ကျွန်တော်အလုပ်တွေနဲ့ မအားလို့ပါဗျ "
" အော် အေးအေး ဒါနဲ့အကိုလေးရဲ့အမျိုးသမီးရော မပါဖူးလား? "
" အမ် သူကလား သူကမအားလို့မလိုက်လာတာ "
" အေးပါကွယ် ဒါနဲ့ အကုိလေးလဲပင်းပန်းလာရောပေါ့ နားလို့ရအောင် ကြီးကြီးအခန်းစီစဉ်ပေးမယ် လာ ကြီးကြီးအနောက်ကလိုက်ခဲ့ "
" ဟုတ်ကဲ့ ကြီးကြီး "
ထို့နောက် အိန်တော်ထိန်းကကောင်းစစ်မှုးသွင်နေရမဲ့အခန်းကို လိုက်ပြလိုက်လေသည်။
" ဒါက သားလေးရဲ့အခန်း တစ်ခုခုလိုရင်ကြီးကြီးကိုခေါ်လိုက် "
" ဟုတ် ကြီးကြီး ဒါနဲ့ခုနကကောင်မလေးတစ်ယောက်လာတယ်မလား သူကဘယ်အခန်းမှာလည်း "
" သူက သားအခန်းရဲ့သုံးခန်းမြောက်မှာ ကဲ ကြီးကြီးသွားတော့မယ်နော် "
" ဟုတ်ကဲ့ "
အိမ်တော်ထိန်းထွက်သွားတာနဲ့ ကောင်းစစ်မှုးသွင်က သစ်ခက်နွယ်ရဲ့အခန်းထဲသို့သွားလိုက်လေသည် ၊ အခန်းရှေ့ရောက်တော့ တံခါးကပိတ်ထားတာကြောင့် တံခါးခေါ်လိုက်လေသည်။
YOU ARE READING
What is Love?
Fanfictionဒါလေးက Gl fic ဆိုပေမယ့် Typeကnormal ဘက်ကိုသွားပါမယ်ဗျ ။ မိဘကပေးစားလို့ မချစ်ပဲနဲ့လက်ထပ်လိုက်ရတဲ့သူနှစ်ယောက် သူတို့ကြားထဲမှာဘယ်သူတွေဝင်လာမလဲ သူတို့ရဲ့ဆက်ဆံရေးကရော အဆင်ပြေပါ့မလား?