Part 8

464 16 0
                                    

သစ်ခက်နွယ်ပြန်သွားတာနဲ့ ရှင်းလည်းအပေါ်ထပ်သို့တက်သွားလေသည်။

အပေါ်ထပ်သို့ရောက်သော်...

" မောင် "

" ဗျာ "

" မောင်တစ်ခုခုဖြစ်နေလို့လားဟင် "

" မဖြစ်ပါဖူးဗျာ ဘာဖြစ်လို့လဲ "

" မသိဖူးလေ မောင့်ကိုကြည့်ရတာစိတ်ရှုပ်နေသလိုမျိုး... "

" ကြည့်ရတာ အခုနကိစ္စကြောင့်ထင်တယ် ၊ တကယ်တော့ကိုယ်ကမနက်ပိုင်းကို ကော်ဖီပဲသောက်တာ ကျန်တာတွေမစားတတ်ဖူး နောက်ပီးတော့ရှင်းကို ကိုယ့်အတွက်ဘာမှ မလုပ်ပေးနဲ့ဆိုပြီးပြောလိုက်တာက ရှင်းသူငယ်ချင်းနဲ့ အေးဆေးစကားပြောရအောင်လို့ ကိုယ်ကပြောလိုက်တာ "

" အဲ့ဒါဆို မောင်ဘာမှမဖြစ်ဖူးပေါ့နော် "

" ဘာမှမဖြစ်ပါဖူးဗျာ "

" အင်းပါ ဒါနဲ့မောင်ညကြရင်အားလားဟင် "

" မအားဖူး ကိုယ့်သူငယ်ချင်းတွေနဲ့တွေ့ဖို့ချိန်းထားတယ် "

" မအားဖူးလား~ မောင်အားတယ်ဆိုရင် ရှင်းကညကြရင်ထမင်းတူတူသွားစားရင်းနဲ့ မောင်နဲ့နည်းနည်းလောက်ရင်နှီးအောင် ကြိုးစားချင်လို့ "

" ရင်နှီးအောင်? ကိုယ်တို့ကအခုရောမရင်းနှီးနေလို့လား "

" ရှင်းပြောတာက အဲ့လိုမဟုပါဖူး ရှင်းကမောင်ကြိုက်တတ်တာတွေ မကြိုက်တာတွေ လုပ်သင့်တာမလုပ်သင့်တာ အဲ့ဒါလေးတွေသိချင်လို့ "

" ရှင်း ကိုယ်မင်းကိုပြောပြမယ် ကိုယ်လည်းမင်းအကြိက်နေမှာမဟုတဲ့အတွက် မင်းလည်းကိုယ့်အကြိုက်လိုက်ပီးနေစရာမလိုဖူး ၊ မင်းဘာသာမင်းပုံမှန်အတိုင်းပဲနေ "

" အင်းပါ မောင့်သဘောပါ "

" ကိုယ်နားတော့မယ် မင်းလည်းညကပင်ပန်းထားတယ်မဟုလား? လာနားလိုက်လေ "

" အာ.. ရတယ် မနားတော့ဖူး "

" အင်း မင်းသဘော "

တကယ်တော့ ကောင်စစ်မှုးသွင်က မေရှင်းသန့်မောင်ကို သူနဲ့အတူအိပ်စေချင်လို့ခေါ်လိုက်တာ ဒါကိုရှင်းကမသိခဲ့ပေ..။



What is Love?Where stories live. Discover now