Part 16

340 18 0
                                    

နောက်တစ်နေ့မနက်ရောက်တော့ သွန်းသစ္စာအိမ်ဆိုတဲ့ကောင်မလေးက ရံုးသွားဖို့အတွက်ရွှင်လန်းတက်ကြွနေလေသည်။

တကယ်တော့ သွန်းသစ္စာအိမ်က ကောင်းစစ်မှုးသွင်ကို ကြိတ်ကြိုက်နေတာပါ။


သွန်းသစ္စာအိမ်ကရုံးကိုရောက်တော့ ကောင်းစစ်မှုးသွင်က‌မရောက်သေးတာကြောင့် သူ့အတွက်မျက်နှာရအောင်လုပ်ဖို့အခွင့်အရေးရသွားလေသည်။

သွန်းသစ္စာအိမ်ကကောင်းစစ်မှုးသွင်ရဲ့စားပွဲပေါ်မှာ ကော်ဖီတစ်ခွက်တင်ထားပေးလိုက်လေသည် ၊ သိပ်မကြာ ကောင်စစ်မှုးသွင်ရောက်လာတော့ သူရဲ့စားပွဲပေါ်မှာတင်ထားတဲ့ကော်ဖီခွက်ကိုကြည့်ပီး အနည်းငယ်ပြုံးမိသွားလေသည်။

" ကော်ဖီကဘယ်သူဖျော်ထားတာလဲ? "

" သွန်းဖျော်ထားတာပါ ဘာဖြစ်လုိ့လဲဟင် "

" အမ် ကော်ဖီထဲမှသကြားမထည့်တာ ငါ့အကြိုက်မှန်းမင်းဘယ်လိုသိတာလဲ? "

" သွန်းသောက်နေကြပုံစံအတိုင်းပဲ ဖျော်ပေးလိုက်တာပါ သွန်းကလည်းကော်ဖီသောက်ရင်အချိုထည့်ရတာမကြိုက်ဖူးလေ အဲ့ဒါကြောင့် CEO ကိုလည်းအဲ့လိုပဲဖျော်ပေးလိုက်တာ မထင်မှတ်ပဲCEOအကြိုက်ဖြစ်သွားတာပေါ့ ဟီး "

" ရပီ မင်းကိုယ့်အလုပ်ကိုယ်သွားလုပ်တော့ "

" ဟုတ် "

ကောင်းစစ်မှုးသွင်အနည်းငယ်ပြုံးမိသွားလေသည် သွန်းသစ္စာအိမ်ဆိုတဲ့ကောင်မလေးက ပျော်ပျော်နေတတ်တယ် ပြီးတော့အလုပ်လုပ်ရင်လည်းတက်တက်ကြွကြွနဲ့လုပ်တယ် ဒယ်ဒီကသူ့အကြိုက်ပုံစံကိုရွှေးပေးလိုက်တာပဲလေ။









ညနေရုံးဆင်းချိန်...

" CEO ခနစောင့်ပါအုံး "

" ဘာကိစ္စလဲ? "

" သွန်းကိုလေ CEOသွားမဲ့လမ်းရဲ့ xxx mall မှာချ‌ပေးခဲ့ပါလားဟင် "

" ကျစ်! တော်တော်အလုပ်ရှုပ်တာပဲကွာ "

" CEOရယ်ကျေးဇူးပြုပီး သွန်းလေ..... "

" စကားများ‌မနေနဲ့ အမြန်တက် "

" ‌ဟုတ်! ကျေးဇူးပါ အဟိ "

What is Love?Where stories live. Discover now