ကျန်းဟောင့်စာသင်ခန်းထဲစာလုပ်နေတုန်းရစ်ခီကပြေးဝင်လာ၍ဆိုလာသည်။
"ဟေ့ကောင်ကျန်းဟောင့်မင်းကြားပြီးပြီလား"
"ဘာကိုလဲ?"
"ဆောင်းဟန်ဘင်...."
"ဟင်ဟန်ဘင်ဘာဖြစ်လို့လဲ မဟုတ်မှထပ်ပြီး..ရန်ဖြစ်ပြန်ပြီလား"
ဆောင်းဟန်ဘင်ဆိုတဲ့အသံကြားတာနဲ့ဂနာမငြိမ်ဖြစ်နေတဲ့ကျန်းဟောင့်ကိုကြည့်ပြီးရစ်ခီရီမိသည်။
"ဟား မဟုတ်ပါဘူးဟ"
"အဲ့ဆိုဘာလဲ"
"ဆောင်းဟန်ဘင် omega လေးတစ်ယောက်နဲ့ဒိတ်နေတာတဲ့"
"ဟင် omega? မဖြစ်နိုင်တာဟန်ဘင်က omega တွေကိုအရမ်းမုန်းတာကို"
"ဒီမှာကြည့်"
ရစ်ခီဖုန်းထဲကဓာတ်ပုံကိုထုတ်ပြလိုက်သည်။ထိုပုံမြင်ပြီးတာနှင့်ကျန်းဟောင့်ရင်ထဲဓားထိုးခံလိုက်ရသလိုပင်။
'omega တွေကိုအရမ်းမုန်းတဲ့ဟန်ဘင်ကအခု omega တစ်ယောက်နဲ့နမ်းနေတယ်?နေပါအုံးငါကဘာလို့ဝမ်းနည်းနေရတာလဲ'ကျန်းဟောင့်မျက်နှာညှိုးကျသွားတာကိုရစ်ခီကမြင်တော့
"ဟန်ဘင် omega တွေကိုမမုန်းတော့တာကိုမင်းကပျော်ရမှာလေကွာ မင်းအတွက်အခွင့်ရေးတောင်ရသေးတာ"
"ဘာအခွင့်အရေးလဲ ငါကဟန်ဘင်ကိုသူငယ်ချင်းလိုပဲသဘောကျတာ"
"သူငယ်ချင်းလိုမလို့မင်း omega ဆိုတာသိရင်မုန်းသွားမှာကြောက်လို့ Beta ယောင်ဆောင်တာပေါ့လေ ဟူး..မင်းဟာမင်းသေချာစဉ်းစားကြည့်ပေါ့"
ပြောပြီးတာနှင့်ရစ်ခီကထွက်သွားလေသည်။ကျန်းဟောင့်မှာတော့ရစ်ခီပြောခဲ့တဲ့စကားကိုနားထဲကားယောင်လို့ 'ငါတကယ်ပဲဟန်ဘင်ကိုသဘောကျလို့အဲ့လိုလုပ်ခဲ့တာလား'
ကျန်းဟောင့်စိတ်ရှုပ်ရှုပ်နဲ့ဆံပင်ကိုဆွဲဖွပစ်လိုက်သည်။သူမသိဘူးသူဟန်ဘင်နဲ့အတူတူရှိရရင်ပျော်တယ်။ဟန်ဘင်အခြားသူတွေနဲ့ရှိနေရင်ဝမ်းနည်းတယ်။သူ omega ဆိုတာသိသွားလို့မုန်းသွားမှာကိုလဲကြောက်တယ်။သူ့မှာဟန်ဘင်နဲ့ပတ်သတ်ရင်ခံစားချက်ပေါင်းဟုံရှိလို့အဖြေထုတ်ရင်ထွက်လာတဲ့အဖြေကသူငယ်ချင်းလိုသဘောကျလို့ဆိုတာချည်းသာ။စာသာတော်ပေမယ့်ဒီနေရာတွေကျကျန်းဟောင့်မတော်ပေ။