Part 6 (Unicode)

326 30 2
                                    

"ခရမ်းရောင်ကျူးလစ်ပန်းလေးရဲ့အဓိပ္ပါယ်က "ထာဝရအချစ်" တဲ့ ကျွန်တော်ကဟောင့်ကောကိုပဲထာဝရချစ်သွားမှာမလို့ကျွန်တော့်ကိုပြန်ချစ်ပေးနိုင်မလားဗျ"

ကျန်းဟောင့်ဟန်ဘင်လက်ထဲကပန်းစည်းကိုယူလိုက်ပြီး။

"အင်..အင်း~"

"ဟင်ဘာပြောတာလဲမကြားရဘူးဗျ"

"အင်းလို့!"

ရှက်လို့မျက်နှာလေးငုံ့ပြီး "အင်း" လို့ပြောနေတဲ့ကျန်းဟောင့်ကြောင့်ဟန်ဘင်ပိုလို့စချင်မိသည်။

"ဘာကိုအင်းလဲဟင်"

"ကောလည်းပဲဟန်ဘင်ကိုချစ်တယ်လို့"

ချစ်တယ်ဆိုတဲ့စကားကြားတော့ Bar တစ်ခုလုံးအော်ဟစ်သံတွေနဲ့ဗြောင်းဆန်ကုန်တော့သည်။ ထိုထဲမှာပဲအောင်နိုင်သူအပြုံးပြုံးနေတဲ့သူနဲ့ရှက်လို့ခေါင်းလေးငုံ့ထားတဲ့ကောင်လေးနှစ်ယောက်ရှိသတဲ့။
.
.
.

"ကောကိုကျွန်တော်ပြောပါတယ် အများကြီးမသောက်ပါနဲ့လို့"

"တြဲတာ ၂၄နာရီ တောင်မပြည့်သေးဘူး ဘာလဲမင်းကငြိုငြင်နေပြီလား"

ဟန်ဘင်ကျန်းဟောင့်ပြောတာကို "မဟုတ်ပါဘူး" လို့သာပြန်ဖြေလိုက်ပြီးဂယူဘင်းတို့ကိုနှုတ်ဆက်ကာအမူးသမားလေးကျန်းဟောင့်ခါးလေးကိုထိန်းကိုင်လို့သူ့ကားဆီသို့လျှောက်လာခဲ့သည်။ ဟန်ဘင်မှာကားရှိပေမယ့်အခုလိုသွားစရာရှိမှသာယူမောင်းဖြစ်သည်။

ကျန်းဟောင့်ကိုနေရလွတ်လပ်အောင်ကားအနောက်ခုံမှထားလိုက်ပြီးဟန်ဘင်ကတော့ကိုယ်တော်ကျန်းရဲ့ကားဒရိုင်ဘာလေးလုပ်ရသည်။

"ဟောင့်ကောအိမ်ဘယ်မှာလဲ" မေးတော့လက်ညိုးလေးနဲ့ဟန်ဘင်ရဲ့ဘယ်ဘက်ရင်ဘတ်လေးကိုထိုးပြီး "ဒီမွာ ဒီမွာ" လုပ်နေတဲ့ကျန်းဟောင့်ကြောင့်ဟန်ဘင်ရီမိသည်။ ဘယ်လောက်ပဲမေးမေးသူ့ရင်ဘတ်ကိုပဲထိုးပြနေတာကြောင့်နောက်ဆုံးတော့သူတို့ရဲ့အဆောင်လေးကိုပဲခေါ်လာရသည်။

အဆောင်ရောက်တော့ဟန်ဘင်ကျန်းဟောင့်ကိုချီပြီးအခန်းထဲခေါ်လာလိုက်တယ်။ ကုတင်ပေါ်ဖွဖွလေးချပေးပြီးထမလို့လုပ်တော့ကျန်းဟောင့်ရဲ့လက်လေးတွေကဟန်ဘင်ရဲ့လည်ပင်းလေးကိုသိမ်းဖက်လာခဲ့သည်။

My Omega💗Where stories live. Discover now