ကျန်းဟောင့်နဲ့ဟန်ဘင်ကအခုဆိုလျှင်ဘွဲ့ရပြီးလက်ထပ်ကြပြီးပြီဖြစ်သည်။ ဟန်ဘင်ကတော့အဖေရဲ့ကုမ္ပဏီမှာဥက္ကဌနေရာကိုဆက်ခံပြီးအလုပ်တွေလုပ်နေရပေမယ့်ကျန်းဟောင့်မှာကတော့ဘာအလုပ်မှမရှိပေ။ ဒါကလည်းဆောင်းဟန်ဘင်ပယောဂမကင်းပါ။ သူ့ရဲ့ချစ်ဖို့ကောင်းတဲ့ Omega လေးကိုအလုပ်မလုပ်ခိုင်းရက်ဘူးဆိုပြီးအိမ်မှာတယုတယနဲ့ထားထားလို့ဖြစ်သည်။ သူကလည်းမောင့်ရဲ့စကားနားထောင်တဲ့ဘေဘီလေးဆိုတော့မောင်ကဒါမလုပ်နဲ့ဆိုလုံးဝကိုမလုပ်ချင်တာ။ တစ်ခါတလေအိမ်မှာပဲဒီတိုင်းနေရပျင်းလို့ဟန်ဘင်အတွက်ဟင်းချက်ကျွေးချင်လို့မီးဖိုချောင်ထဲဝင်မိပေမယ့်ဓားရှရတာနဲ့အပူလောင်ရတာနဲ့မီးလောင်ရတာနဲ့မလို့ဟန်ဘင်ကသူမီးဖိုဆောင်ထဲဝင်မှာကိုကြောက်နေတော့တာ။ ပြောပါတယ် "မောင့်ရဲ့ဘေဘီလေးတစ်ခုခုဖြစ်ရင်မောင်ပဲရင်ကြိုးရမှာမလို့ဟင်းမချက်ပါနဲ့"တဲ့ အလကားသူ့အိမ်ပြာကျသွားမှာကိုကြောက်ရင်ကြောက်တယ်လိ့ု့ပြောလိုက်တာမဟုတ်ဘူး။ပြောရဲရင်လည်းပြောကြည့်ပေါ့တစ်ခါထဲနားရွက်ကိုဆွဲလိမ်ပစ်မှာကျန်းဟောင့်တို့ကိုဘာမှတ်နေလဲ..။
.
.
.
.
ကျန်းဟောင့်မနက်အိပ်ရာကနိုးလာတော့အိပ်ချင်မူးတူးနဲ့လက်ကကုတင်ပေါ်လိုက်စမ်းမိတယ်။ဘာမှမစမ်းမိတော့နှုတ်ခမ်းလေးကအလိုလိုဆူလျက်သားဟန်ဘင်တစ်ယောက်တော့သူ့ကိုမနိုးပဲထသွားပြန်ပြီ။ ဟန်ဘင်ကိုစိတ်ဆိုးပြီးနှုတ်ခမ်းလေးဆူနေမိပေမယ့်နှာခေါင်းထဲဝင်လာတဲ့အနံ့လေးကြောင့်စိတ်ဆိုးပြေမိတယ်။ အိပ်ချင်မူးတူးနဲ့မီးဖိုဆောင်ဆီကိုသွားတော့အားကိုးပစ်ချင်စရာကောင်းတဲ့ကြောပြင်ကြီးကိုမြင်တော့ကျေနပ်မိပြန်တယ်။ကျန်းဟောင့်ခရမ်းချဉ်သီးတွေလှီးဖြတ်နေတဲ့ဟန်ဘင်ဆီတိတ်တိတ်လေးလျှောက်လှမ်းသွားပြီးခါးလေးကိုဖက်လိုက်တော့ဟန်ဘင်ကသူ့ဖက်လှည့်လာပြီးသူ့ခါးလေးကိုဆွဲဖက်လျက်ပါးပြင်နှစ်ဖက်ကိုတလှည့်စီနမ်းတယ်။
"အိပ်ပုတ်လေးနိုးပြီပေါ့"
"အင်း~"
"မောင်မနက်စာပြင်ပေးထားမယ်ရေးမိုးချိုးအဝတ်အစားလှဲပြီးမှထွက်လာခဲ့နော်"
