ကျန်းဟောင့်နဲ့ချွဲဟန်ဘင်ဆိုတဲ့တစ်ယောက်နဲ့ကဘယ်လိုရင်းနှီးလဲမသိချေ။အတန်းပျက်ရမှာတော်တော်ကြောက်တဲ့ကျန်းဟောင့်ကအခုဒီကောင်လေးအတွက်အတန်းပါအပျက်ခံပြီးကော်ဖီဆိုင်မှာထိုင်နေတာလေ။ နှစ်ယောက်သားစကားတွေပြောပြီးရီနေတာသူ့ကိုတောင်သတိရပုံမပေါ်။ တွဲတာ၂၄နာရီတောင်မပြည့်သေးဘူးဆောင်းဟန်ဘင်တို့ကတော့ပြိုင်ဘက်ပေါ်လာပြီ။
"ဒါနဲ့ သူက"
တစ်ဖက်ကကောင်လေးပြောမှကျန်းဟောင့်ကသူ့ကိုသတိရတာလူကြားလို့မှကောင်းသေးရဲ့လားဗျို့!
"အာ..အဲ့တာဟျောင်းသူငယ်ချင်းဆောင်းဟန်ဘင်လေဟန်ဘင်(ချွဲဟန်ဘင်)ထက်၆နှစ်ငယ်တယ်"
"Hi တွေ့ရတာဝမ်းသာပါတယ် ချွဲဟန်ဘင်ပါဗျ ကျွန်တော်တို့နာမည်တူကြတယ်နော်"
"နာမည်တူပေမယ့်ကောကငါ့ရည်းစားကွ"
ဆောင်းဟန်ဘင်တို့ရည်းစားလေးကိုလာလုလို့ရမယ်ထင်နေလားအမှုန့်ချေပစ်လိုက်မှာကွသူ့ထက်၆နှစ်ငယ်တယ်ဆိုတော့ခုမှ18နှစ်ပဲရှိသေးတာပဲကလေးကကလေးလိုနေပြီးစာပဲလုပ်ဟေ့ကောင်ရေ
.
.ဆောင်းဟန်ဘင်ရဲ့စကားကြောင့်တဖက်ကချွဲဟန်ဘက်ဆိုတဲ့ကောင်လေးကတအံတဩနဲ့ကြည့်လာလေသည်။ ကျန်းဟောင့်မှာတော့ဆောင်းဟန်ဘင်ကိုဆွဲထုချင်စိတ်တွေကတယားယား။
.
"ဟျောင်းအဲ့တာတကယ်လား"
"မ..မဟုတ်."
"တကယ္ကြ ငါ့ဘေဘီကငါ့အပိုင်မင်းလာလုဖို့မစဉ်းစားနဲ့"
"ဆောင်းဟန်ဘင်!!!"
"အဲ့တာဆိုတကယ်ပဲပေါ့ ဟားဟား ကွန်ကွန်ပါဟျောင်းရေ"
"ဘာကိုကွန်ကွန်လဲငါလာထုချလိုက်ရ"
"အီးဟီးနာတယ်"
"ငါ့ဘေဘီမင်းကိုထိတောင်မထိရသေးဘူးလာပိုပြမနေန့ဲ"
"ပိုနေတာကဆောင်းဟန်ဘင်ရှီးပါ ဘေဘီဘေဘီနဲ့ဖြစ်ပြနေတာ"
"ချစ်တာကိုပိုရမှာပေါ့ အင်းပေါ့လေ ရည်းစားမရှိတဲ့သူကဘယ်နားလည်မလဲ"
"ခင်ဗျား!!"
နှစ်ယောက်သားအကြည့်တွေနဲ့တိုက်ခိုက်နေတာကိုကြားကမြင်နေရတဲ့ကျန်းဟောင့်မှာဘာလုပ်ရမလဲမသိ။ ကျန်းဟောင့် Omega ဆိုတာသိလို့ Pheromone တွေနဲ့မတိုက်ခိုက်တာကိုပဲကျေးဇူးတင်ရမလားပဲ။
ဒီအငွေ့အသက်ကသူကြည့်ဖူးတဲ့ Drama ထဲကကောင်လေးနှစ်ယောက်ကကောင်မလေးတစ်ယောက်အတွက်ပြိုင်ဆိုင်နေကြတဲ့အငွေ့အသက်လိုမျိုး။