ဟန်ဘင်နဲ့ကျန်းဟောင့်တွဲလာတာ၂လရှိနေခဲ့ပြီ။ ဟန်ဘင်ကအရင်ကထက်သူ့နားမှာပိုတွယ်ကပ်လာတယ်။ပီကေတောင်ခွာထုတ်လို့ရချင်ရမယ်ဆောင်းဟန်ဘင်တို့ကတော့မရပါ။ ချွဲလည်းချွဲတတ်တယ်။သူ့အပေါ်ဆိုအသေးစိတ်ကအစဂရုစိုက်ပြီးလေးစားတယ်။ အချို့သော Alpha တွေဆိုရင်သူတို့လိုအားနည်းတဲ့ Omega တွေကိုအနိုင်ကျင့်တယ် ဖိနှိမ်တယ်။ Omega တွေကိုသူတို့အတွက်အသုံးချတယ်။ ဟန်ဘင်ကတော့အဲ့လိုမဟုတ်ဘူး သူ့အပေါ်ကြမ်းတမ်းတာတွေဘာမှမလုပ်ခဲ့ဘူး။ သူတို့ဆက်ဆံရေးကိုအသုံးချပြီးဟန်ဘင်ကမကျူးလွန်ခဲ့ဘူး။
တကယ်ဆိုအရွယ်ရောက်ပြီးသား Alpha နဲ့ Omega တွေကအဖော်ရှာပြီးအသုံးချရတယ်။ သူတို့ကတော့ချစ်သူတွေဖြစ်နေတာတောင်ချစ်သူတွေပါဆိုတဲ့အကြောင်းပြချက်နဲ့တစ်ခါမှပြစ်မားမကျူးလွန်ခဲ့ဘူး။ ဒါတွေအားလုံးဟာလည်းဟန်ဘင်ကသူ့ကိုလေးစားသလိုသူကလည်းဟန်ဘင်ကိုလေးသားလို့ဖြစ်တယ်။ဟန်ဘင်အမြဲပြောလေ့ရှိတဲ့စကားရှိတယ် "မောင်က Omega တွေကိုမကြိုက်ဘူးဘေဘီ့ကိုပဲကြိုက်တယ်" ဆိုတဲ့အဲ့ဒီစကားလေးတစ်ခွန်းဟာလည်းသူ့ကိုရင်ခုန်အောင်လုပ်ခဲ့တာအကြိမ်ကြိမ်ပါပဲ။
အခုဆိုဟန်ဘင်ကအဆောင်မှာမနေတော့ပဲသူ့တိုက်ခန်းမှာပဲလာနေလေသည်။ ကျောင်းသွားရင်နှစ်ယောက်သားစက်ဘီးနဲ့ပဲသွားဖြစ်ကြပြီးအပြန်ကျရင်လည်းစက်ဘီးနဲ့ပဲပြန်တာမလို့သူတို့သူငယ်ချင်း၃ယောက်တောင် "ရည်းစားရသွားတာငါတို့ကိုတောင်မေ့သွားပြီဟေ့" ဆိုပြီးပြောလာတဲ့အထိဖြစ်လာရသည်။ ဘယ်လောက်ပဲသူ့သူငယ်ချင်းတွေကိုချစ်ပါစေသူ့မောင်ရဲ့ခါးလေးကိုဖက်ပြီးစက်ဘီးထိုင်စီးရတဲ့ Feeling နဲ့တော့မလှဲနိုင်ပါဘူး။
.
.
.ဒီနေ့ပိတ်ရက်မလို့ကျန်းဟောင့်နဲ့ဟန်ဘင်ပန်းခြံမှာဒိတ်ဖို့လုပ်ထားကြသည်။ သူတို့တွဲလာတဲ့တစ်လျှောက်စားသောက်ဆိုင်ကြီးမှာပဲဒိတ်နေတာမလို့ပန်းခြံမှာပျော်ပွဲစားထွက်ရင်းဒိတ်ဖို့လုပ်ထားကြတယ်ဆိုလဲမမှား။ အစကတော့ကျန်းဟောင့်ကဂယူဘင်းနဲ့ရစ်ခီတို့အတွဲကိုပါခေါ်မလို့ပေမယ့်ဟန်ဘင်ကနှစ်ယောက်ထဲအတူတူရှိချင်တယ်ဆိုလို့မခေါ်လာလိုက်ရပေ။