MD(1)

237 15 2
                                    


အရှိန်အဟုန်ပြင်းစွာမောင်းနှင်လာတဲ့ ဇိမ်ခံကားကြီးရဲ့နောက်ခန်းထဲမှာထိုင်လိုက်လာတဲ့ အနက်ရောင်Full Suitကို ဝတ်ဆင်ထားတဲ့ အမျိုးသားရဲ့မျက်ဝန်းတွေဟာ တည်ငြိမ်ခက်ထန်နေပြီး ဖြောင့်တန်းနေတဲ့မျက်ခုံးမွှေးထူထူတွေဟာ အလိုမကျစွာကြုံ့နေလေသည်။

ထိုအမျိုးသားဟာ ကိုရီးယားထိပ်တန်းစီးပွားရေးလုပ်ငန်းပိုင်ရှင်တွေထဲမှာ အသက်အငယ်ဆုံးနဲ့အချမ်းသာဆုံးသော လူသားဖြစ်လေသည်။

ထိုအမျိုးသားစိတ်အလိုမကျတဲ့အခါတိုင်း မျက်ခုံးတို့ဟာစုကြုံ့နေတတ်လေသည်။
ဒီအမျိုးသားအလိုမကျဖြစ်ရခြင်းအကြောင်းက သူ့ကုမ္ပဏီကအသစ်ထုတ်မယ့်ပစ္စည်းပုံကြမ်းကို ဒီဇိုင်းဌာနကမန်နေဂျာက ထိုအမျိုးသားရဲ့ပြိုင်ဖက်ကုမ္ပဏီမှာ
ခိုးရောင်းလိုက်သောကြောင့်ဖြစ်သည်။

ကုမ္ပဏီသွားဖို့အလျှင်လိုပါတယ်ဆိုမှ မီးနီဘဲမိနေတာကြောင့် မင်ဟိုစိတ်တိုရသည်။
မီးနီမိနေတဲ့အချိန် မင်ဟိုတို့ကားဘေးမှာလာရပ်လာတဲ့စက်ဘီးတတစ်စီး။ အမှတ်မထင် ထိုစက်ဘီးလေးကိုစောင်းငဲ့ကြည့်ရင်းက စက်ဘီးလေးစီးလာတဲ့ကောင်လေးကြောင့် မင်ဟိုမှာအကြည့်တွေပင်မခွာနိုင်ဖြစ်ရသည်။
ကောင်လေးနဲ့သူ့ကြား ခြားလို့ထားတဲ့ကားမှန်ကို အောက်သို့ချလိုက်သည်။

ကျောင်းဝတ်စုံလေးနဲ့စင်ဘီးပေါ်ကကောင်လေးက မင်ဟိိုကမှန်ချလာတာကြောင့်ထင်တယ် မင်ဟိုဘက်ကိုစောင်းငဲ့ကြည့်ပြီး ချက်ချင်းဘဲပြန်လှည့်သွားလေသည်။ လှပပါသည် ကောင်လေးဟာအချိုးဆစ်ကျကျထုဆစ်ထားတဲ့ကြွေရုပ်လေးလိုဘဲ လှပလွန်းပါသည်။

ဒီအသက်အရွယ်ကြီးရောက်မှ ဒီလိုရုပ်ပျက်ဆင်းပျက်ငေးကြည့်ဖူးတာ ဒီတစ်ကြိမ်ဟာမင်ဟိုဘဝရဲ့ပထမဦးဆုံးဖြစ်သည်။

"ထယ်ယောင်း အဲ့ကောင်လေးအကြောင်းကိုငါသိချင်တယ် စုံစမ်းပေး"

မင်ဟို​လက်ညိုးထိုးပြတဲ့ဘက်ကို ကားမောင်းရင်းက လှမ်းကြည့်လိုက်တဲ့ ဒရိုင်ဘာထယ်ယောင်း။

"ဟုတ်ကဲ့ပါသူဌေး"

မင်ဟို ကောင်လေးကိုမီးမစိမ်းခင်အထိ ပေါ်တင်ကြီးကိုထိုင်ငေးနေလိုက်သည်။ ကောင်လေးကတော့ ပတ်ဝန်းကျင်ကိုစိတ်မဝင်စားဘူးထင်ပါရဲ့ တစ်ချက်လေးတောင်လှည့်ကြည့်မလာပါ။

My Doll(2Min MM)Where stories live. Discover now