MD(7)

142 13 0
                                    

မင်ဟိုမနက်စာစားရန်ထမင်းစားခန်းထဲဝင်လာတော့ နှာခေါင်းထဲဝင်လာတဲ့ ကင်မ်ချီဟင်းရည်အနံ့မွှေးမွှေးက မင်ဟိုကိုဆွဲဆောင်နေသည်။

ထမင်စားစားပွဲမှာ ကိုယ်တိုင်ဟင်းတွေပြင်ဆင်ခင်းကျင်းနေတဲ့ကြွေရုပ်ကို မင်ဟိုထမင်းစားခန်းဝကနေ အသာကြည့်နေလိုက်သည်။

မနက်ခင်းလေးမှာ တက်ကြွရွှင်လန်းစွာ မနက်စာပြင်နေတဲ့ကြွေရုပ်က မင်ဟိုအမြင်အာရုံကိုဆွဲဆောင်နေပြန်သည်။
မင်ဟိုကြည့်နေတာကိုတောင် သတိမထားမိဘဲ ဟင်းပွဲတွေကိုသာ အားကြိုးမာန်တက်ပြင်ဆင်နေတဲ့ကြွေရုပ်ကို....

"ကြွေရုပ်"

မင်ဟိုအသံကြားမှ မင်ဟိုရှိနေမှန်းသတိထားမိတဲ့ကြွေရုပ်က ခါးမှာစည်းထားတဲ့ အေပရွန်လေးကိုချွတ်ကာ မင်ဟိုအနားခပ်သွက်သွက်လေးရောက်ကာ ဘေးမှာလာရပ်လာလေသည်။

"ကိုကို မနက်စာစားတော့မလား ကျွန်တော်အားလုံးပြင်ထားပြီးပြီ"

ရွှန်းရွှန်းစာစာလေးပြောနေတဲ့ကြွေရုပ်က ဟင်းချက်ရတာကို သဘောကျတဲ့သူတစ်ဦးဆိုတာကို မင်ဟိုသိချင်မိသည်။

မင်ဟိုလက်မောင်းကနေဆွဲကာ ထမင်းစားဝိုင်းမှာ ထိုင်ခိုင်းလာတဲ့ကြွေရုပ်ကို ဘာမှမပြောသေးဘဲ မျက်တောင်မခတ်တမ်းသာမင်ဟိုလိုက်ကြည့်နေလိုက်သည်။
မင်ဟိုပန်းကန်ထဲကိုထမင်းထည့်ပေးတာကအစ အိမ်အကူတွေကိုတောင်မခိုင်းဘဲ သူကိုယ်လုပ်ပေးနေတဲ့ကောင်လေး။

"ကြွေရုပ်ကဟင်းချက်ရတာဝါသနာပါတာလား"

"ဘာလို့မေးတာလည်ကိုကို"

"ပျော်နေတယ်ထင်လို့"

"ဟီးးးဟုတ်လား ဝါသနာဆိုတာထက် တစ်ခါတစ်လေဟင်းချက်ရတာကို သဘောကျရုံလောက်ပါဘဲ"

ကလေးလေးတွေလို သွားလေးတွေစိကာရယ်ရင်းပြောလာတဲ့ကြွေရုပ်ကို မင်ဟိုကြည့်ရင်းသဘောမကျဘဲမနေနိုင်။
ဒီကောင်လေးဟာ စတွေ့တဲ့အချိန်တည်းက မင်ဟိုအာရုံတွေကို ဖမ်းစားနိုင်လွန်းသည်။

"စားကြရအောင်ကိုကို ဟင်းရည်ကအေးသွားရင်စားလို့မကောင်းဘူး"

My Doll(2Min MM)Where stories live. Discover now