MD(9)

129 13 0
                                    

အီရှီကာဝါဟိုရှီနဲ့တွေ့ဆုံဖို့ချိန်းထားသော ကိုရီးဟားရိုးရာစားသောက်ဆိုင်ကို မင်ဟို ကြွေရုပ်နဲ့အတူထွက်လာခဲ့လိုက်သည်။ ထယ်ယောင်းကို ဘူဆန်ဘက်ကဝယ်ရန်စီစဥ်ထားတဲ့မြေကွက်ကိုသွားကြည့်ခိုင်းလိုက်တာကြောင့် အီရှီကာဝါဟိုရှီစံနဲ့တွေ့ရန်စီစဥ်ထားတဲ့ စားသောက်ဆိုင်ကို ကြွေရုပ်ကိုသာခေါ်လာခဲ့လိုက်သည်။

အတွေ့ကြုံမရှိတာကြောင့် စိုးရိမ်စိတ်များနေတဲ့ ကြွေရုပ်ကဂနာမငြိမ်စွာ လက်တွေကိုအချင်းချင်းဆုပ်ကိုင်ကာ ပါးစပ်ကနေလည်းခဏခဏလေပူတွေမှုတ်ထုတ်နေလေသည်။

"စိတ်လှုပ်ရှားနေတာလားကြွေရုပ်"

မင်ဟိုကားမောင်းရင်းက ကြွေရုပ်ကိုမေးလိုက်သည်။

"ဟုတ်တယ်ကိုကို တစ်ခါမှမလုပ်ဖူးတာကြောင့် အမှားအယွင်းဖြစ်မှာစိုးတယ်"

"အေးဆေးပေါ့ ကိုယ်လည်းဘေးမှာရှိနေတာဘဲ ကိုယ့်အတွက်သူကအရေးကြီးဧည့်သည်ဆိုပေမယ့် မင်းနေတတ်သလိုဘဲ ပုံမှန်အတိုင်းနေပါ  အဲ့တာဆိုအဆင်ပြေသွားလိမ့်မယ်"

"ဟုတ်ကဲ့ကိုကို"

ကိုရီးယားရိုးရာစားသောက်ဆိုင်သူတို့ရောက်ပြီးခနအကြာ အီရှီကာဝါဟိုရှီစံရောက်လာသည်။

"တွေ့ဖို့အချိန်ပေးတဲ့အတွက်ကျေးဇူးပါဥက္ကဌလီ"

"ကျွန်တော်ကသာကျေးဇူးတင်ရမှာပါဗျာ အီရှီကာဝါဟိုရှီလိုစီးပွားရေးရှငိက ကျွန်တော့်လိုသာမာန်စီးပွားရေးပိုင်ရှင်ကိုတွေ့ဖို့ချိန်းတာ ဂုဏ်ယူစရာပါဘဲ"

"ဟားးးဟုတ်ပါပြီဗျာ"

"ထိုင်ပါဦး"

စားသောက်ဆိုင်ကဝန်ထမ်းမလေးကို မှာထားတဲ့စားစရာတွေလာပို့ရန်ပြောကြားလိုက်ပြီး ဟင်းပွဲတွေမလာခင် အီရှီကာဝါဟိုရှီနဲ့အလုပ်ကိစ္စဆွေးနွေးလိုက်သည်။

ကိုရီးယားမှာဖွင့်မယ့် ကုမ္ပဏီအသစ်မှာ မင်ဟိုနဲ့အလုပ်အတူတွဲလုပ်ချင်ကြောင်းပြောလာသည်။

"ကျွန်တော့်ကမ်းလှမ်းမှုကို လက်ခံစေချင်တယ်ဗျာ ဘာလို့ရယ်မသိပေမယ့် ကိုရီးယားမှာတွဲဖက်လုပ်ကိုင်ချင်မိတဲ့ စီးပွားရေးမိတ်ဖက်အနေနဲ့ ခင်ဗျားကိုအတော်လေးသဘောကျမိတယ်ဥက္ကဌလီ
ကျွန်တော့်အတွင်းရေးမှူးပြောပြသလောက်ခင်ဗျားရဲ့အကြောင်းတွေကိုလည်း ကြားထားပြီးပါပြီ အလုပ်လုပ်ရာမှာလည်းတိကျသလို၊ တွဲဖက်အလုပ်ပါတနာကိုလည်း ဘယ်တော့မှနစ်နာစေအောင်မလုပ်တတ်တဲ့ပုံစံတွေ ၊ စီးပွားရေးရှင်အချင်းချင်းပြိုင်ဆိုင်ရင်တောင် နည်းလမ်းမှန်မှန်နဲ့ယှဥ်ပြိုင်တယ်ဆိုတဲ့ ခင်ဗျားသတင်းက စီးပွားရေးလောကမှာတော့ အတော်လေးနမည်ကြီးတယ်"

My Doll(2Min MM)Where stories live. Discover now