'အပြင်ထွက်ခဲ့'ဆိုတဲ့ ကိုကို့ဆီကမက်ဆေ့ကြောင့် ဆွန်မင်းအပေါ်ထပ်ကနေပြေးဆင်းလာလိုက်သည်။"သားငယ် ဘယ်သွားမလို့တုန်း"
ဧည့်ခန်းထဲမှာTVကလာတဲ့ ဇာတ်လမ်းတွဲကိုကြည့်နေတဲ့ မာမီကမေးလာသည်။
"ဥက္ကဌလီက အပြင်ခဏထွက်ခဲ့ဦးဆိုလို့ သွားတွေ့မလို့မာမီ"
"သူကဘယ်မှာမလို့လည်း"
"အိမ်အပြင်မှာစောင့်နေတယ်တဲ့မာမီ"
"သြော် အေးအေးသွားလေ ကိုယ့်ထက်အသက်ကြီးတဲ့သူကိုစောင့်နေခိုင်းတာမကောင်းဘူးလေ"
"ဟုတ်ကဲ့မာမီ"
ဆွန်မင်းခြံအပြင်ကို အမြန်ပြေးထွက်လိုက်သည်။ ဆွန်မင်းတို့ခြံရှေ့ကသစ်ပင်ရိပ်အောက်မှာကားထိုးထားတဲ့ကိုကိုက ကားမှန်ကိုချကာ လက်လှမ်းပြလေသည်။ ဆွန်မင်းလည်း မှန်ချထားတဲ့ကားတခါးနားသွားလိုက်သည်။
"ကြွေရုပ်ကို ကိုယ်ပြောစရာရှိလို့လာတာ လာကားထဲဝင်လေ အဲ့မှာဘာရပ်လုပ်နေတာလည်း"
"ဗျာ~အာ ဟုတ်ကဲ့"
ဆွန်မင်းလည်းရှေ့ခန်းက လွတ်နေတဲ့တစ်ဖက်ခုံပေါ်ကို ဝင်ထိုင်လိုက်သည်။ ကိုကိုကဆွန်မင်းဘက် ခန္ဓာကိုယ်လှည့်လာရင်း...
"ကြွေရုပ် အိမ်မှာရှိရဲ့လားသိချင်လို့လာတာ"
"သြော် ကျွန်တော်လား အိမ်မှာအမြဲရှိပါတယ် စာမေးပွဲလည်းနီးနေပြီဆိုတော့ စာလုပ်နေတာ နောက်တစ်ပတ်ထဲဖြေရမှာလေ"
"ဟုတ်လား စာလုပ်နေတဲ့ကလေးကို နှောက်ယှက်သလိုဖြစ်သွားတယ်"
"မဟုတ်တာဘဲရပါတယ်"
"ကြွေရုပ်"
ဆွန်မင်းရဲ့နူတ်ခမ်းတွေကိုသေချာစိုက်ကြည့်နေတဲ့ကိုကိုကြောင့် ဆွန်မင်းရဲ့မျက်လုံးတွေဟာ ဂနာမငြိမ်လှုပ်ရှားနေသလို ဆွန်မင်းရဲ့ရင်ခုန်သံတွေဟာလည်း စည်းချက်မကျကျယ်လောင်စွာ ထွက်ပေါ်နေတာ ဘေးကကိုကိုကြားရမှာတောင် စိုးရိမ်ရသည်။
"ဗျာ"
"စာမေးပွဲနောက်ဆုံးရက်ကျ ကိုယ်မင်းကိုလာကြိုမယ် မင်းအိမ်ကိုကြိုအသိပေးထားလိုက် အဲ့ညအိမ်ပြန်မလာဘူးလို့"
YOU ARE READING
My Doll(2Min MM)
Fanfictionကင်မ်ဆွန်မင်းက ကြွေရုပ်လေးလိုဘဲနူးနူးညံ့ညံ့နဲ့သိပ်လှပတာ...