MD(5)Warning Ep

246 12 0
                                    


Warningအကြီးစားပါနော်။ အသက်မပြည့်သေးသော ကလေးငယ်များနှင့် ပလပ်အခန်းမကြိုက်သောသူများမဖတ်ပါနဲ့ရှင့်။ တစ်ပိုင်းလုံးမီးနီပါရှင့်။

"ကိုကို ကျွန်တော်မလိုက်လို့မရဘူးလား"

ကလပ်ရှေ့ရောက်မှ မင်ဟိုအင်္ကျီစလေးကိုလှမ်းဆွဲကာ မရဲတရဲလေးထွက်လာတဲ့ ကြွေရုပ်ရဲ့စကားသံ။

"ဘာလို့မလိုက်ချင်တာလည်း"

"ကျွန် ကျွန်တော်ဒီလိုနေရာမျိုးတွေကိုတစ်ခါမှမလာဖူးဘူး"

"တစ်ကယ်ကြီး"

"ဟုတ်"

တစ်ခါမှမရောက်ဖူးတော့လည်း ခံစားချက်အသစ်နဲ့ရင်ခုန်ရတာပေါ့မဟုတ်ဘူးလား။ ဒီအရွယ်ဟာ ဒီလိုတွေကဲဖို့အတွက်အသင့်တော်ဆုံးဘဲမလား။
မင်ဟိုကတော့ အမြဲလိုမသွားဖြစ်တောင် တစ်လကိုနှစ်ကြိမ်လောက်တော့အမြဲကလပ်တက်ဖြစ်သည်။ သူငယ်ချင်းတွေနဲ့ဆုံရာဟာလည်း ဒီကလပ်နေရာပင်ဖြစ်သည်။
ငယ်ရွယ်စဥ်အချိန်အခါမှာဘဲ
ရနိုင်တဲ့အခွင့်အရေးတွေဘဲလေ။

"မလိုက်လို့တော့မရဘူး ဒီနေ့ညရဲ့အဓိကဇာတ်လိုက်ကမင်းဘဲကြွေရုပ်"

"ဗျာ"

"ဟုတ််တယ် မင်းရဲ့စာမေးပွဲနောက်ဆုံးရက်​ကို ဂုဏ်ပြုပေးချင်လို့လေ ဘာမှစိတ်ပူမနေနဲ့ အထဲမှာကိုယ့်ငယ်ချင်းတွေလည်းရှိတယ် လာသွားရအောင်"

ကြွေရုပ်လက်ကိုဆွဲခေါ်ကာ မီးရောင်စုံတွေကြား တိုးဝင်လို့ဟျွန်ဂျင်းနဲ့ယန်းဂျောင်အင်တို့ရှိတဲ့ သူတို့ထိုင်နေကြ Dance Floorနဲ့ခပ်ဝေးဝေးက ဝိုင်းလေးဆီသွားလိူက်သည်။ မင်ဟိုလက်တွေကိုဆုပ်ကိုင်ထားတဲ့လက်အေးအေးလေးက အတော်လေးစိတ်လှုပ်ရှားနေပုံရသည်။

"ထိုင် ကြွေရုပ်"

မင်ဟို ဟျွန်ဂျင်းတို့နဲ့မျက်နှာချင်းဆိုင်က ဆိုဖာလေးပေါ်ဝင်ထိုင်လိုက်သည်။ မထိုင်သေးဘဲရပ်နေတဲ့ကြွေရုပ်ကို သူ့ဘေး လက်ကောက်ဝတ်ကနေဆွဲချကာထိုင်ခိုင်းလိုက်သည်။

"လွတ်လွတ်လပ်လပ်နေနော်ကောင်လေး ကိုယ်တို့ကိုကြောက်မနေနဲ့"

My Doll(2Min MM)Where stories live. Discover now