MD(12)

123 15 4
                                    

"ကျွန်တော်မလိုက်ပါချင်ဘူးဆိုကိုကိုရာ"


ဂျပန်အတူသွားဖို့ခေါ်နေတာကို ဇွတ်မလိုက်ချင်ပါဘူးငြင်းနေတဲ့ကြွေရုပ်ကြောင့် မင်ဟိုအတော်လေးစိတ်ဓာတ်ကျနေရသည်။


ဂျပန်ရောက်ရင် အတူတူနေရာအနှံ့လျှောက်လည်ပတ်ကြပြီး လက်ထပ်ခွင့်တောင်းမယ့်သူ့ရဲ့အတွေးလေးဟာလည်း  ကြွေရုပ်ကြောင့်ကြက်ပျောက်ငှက်ပျောက်ပင်။


မင်ဟိုလည်းစိတ်တိုတာကြောင့်ဘာမှဆက်မပြောတော့ဘဲ အိမ်အောက်ထပ်ကိုသာဆင်းလာခဲ့လိုက်သည်။


မင်ဟိုအိမ်အောက်ထပ်ရောက်ပြီး အတော်အကြာမှာကြွေရုပ်ကလိုက်လို့လာပြီး ဆိုဖာပေါ်ထိုင်နေတဲ့မင်ဟိုဘေးဝင်ထိုင်ကာ ရင်ခွင်အတွင်းခေါင်းလေးတိုးဝေ့လို့လာသည်။


"ကျွန်တော်ဂျပန်ကိုမလိုက်ချင်ဘူးကိုကို  ဟိုရှီစံနဲ့လည်းမတွေ့ချင်ဘူး"


မင်ဟိုအင်္ကျီကြယ်သီးတွေကို လက်သွယ်သွယ်လေးတွေနဲ့ တို့ထိဆော့ကစားရင်းပြောလာတဲ့ကြွေရုပ်။


"ကြွေရုပ်ကဟိုရှီ့ကိုဘာလို့မတွေ့ချင်တာလည်း  ဟိုတစ်ခေါက်ကကိစ္စကြောင့်လား အဲ့တာကြောင့်ဆိုစိတ်ထဲမထားနဲ့ ဟိုရှီကအဲ့ကိစ္စကိုစိတ်မဆိုးဘူးတဲ့လေ ကြွေရုပ်ကသဝန်တိုလို့လုပ်လိုက်တာမို့ နားလည်ပါတယ်တဲ့လေ ဟိုရှီကဘယ်လောက်တောင်သဘောကောင်းလိုက်သလဲ"


ဟိုရှီ ဟိုတစ်ခေါက်ကကိုရီးယားလာတုန်းက ဆွန်မင်းနဲ့စားသောက်ဆိုင်မှာပြဿနာတတ်တာကို  အစအဆုံးဘာမှမသိပါဘဲ ဟိုလူဘက်ကိုလိုက်ပြောပေးနေတဲ့ကိုကို့ကြောင့် ဆွန်မင်းစိတ်နည်းနည်းလေးတော့တိုမိသည်။


အဲ့တုန်းကလည်း ဆွန်မင်းအမှားထင်ပြီး ကိုကိုကဘယ်လောက်တောင်များဆွန်မင်းကိုပြောဆိုဆက်ဆံခဲ့လိုက်သလဲ။ အခုလည်းဟိုလူစကားတွေကိုဘဲယုံကာ ဆွန်မင်းကိုကျလူဆိုးဇာတ်သွင်းနေတာကြောင့် ကိုကို့ရင်ခွင်ထဲကထွက်ကာ....။


"ကိုကိုကအဲ့တုန်းကကိစ္စကို ဘာမှမသိဘဲ ကျွန်တော့်အမှားထင်ပြီး ဟိုလူ့ကိုဘဲစွတ်အမွှန်းတင်မနေနဲ့ အဲ့တုန်းကလည်းအဲ့ဒီလူကအရင်ရန်စတာ"


My Doll(2Min MM)Where stories live. Discover now