MD(4)

143 13 0
                                    


မင်ဟို ကြွေရုပ်ရဲ့စာမေးပွဲနောက်ဆုံးရက်ဖြစ်တာကြောင့် ကိုယ်တိုင်သွားကြိုရန်ဆုံးဖြတ်လိုက်သည်။

"ထယ်ယောင်းကားရပ်လိုက်တော့ ငါ့ဘာသာဘဲကားမောင်းသွားလိုက်တော့မယ် မင်းဘာသာကြည့်စီစဥ်ပြီးပြန်လိုက်တော့"

"ဟုတ်ကဲ့ပါ ဥက္ကဌ"

ထယ်ယောင်းကို လမ်းမှာဘဲချခဲ့ကာ ကြွေရုပ်တို့ကျောင်းဖက်ကိုမောင်းခဲ့လိုက်သည်။ ကုမ္ပဏီကလာတာကြောင့် မင်ဟိုမှာရုံးတက်ဝတ်စုံကြီးနဲ့သာဖြစ်သည်။

ကားကိုယ်ထည်ကိုမှီကာ ကြွေရုပ်ထွက်အလာကိုစောင့်နေလိုက်သည်။ ကျောင်းဆင်းချိန်ရောက်ပြီဖြစ်တာကြောင့် ကျောင်းသားတွေဟာအသီးသီးထွက်လာကြသည်။ ကျောင်းသားတွေအများကြီးထဲကမှ ကြွေရုပ်ကိုသာမင်ဟိုရှာဖွေနေမိသည်။

​ဟော ကြွေရုပ်ထွက်လာပြီ။ တစ်ယောက်တည်းတော့မဟုတ် ဘေးမှာကောင်လေးတစ်ယောက်ပါလာသည်။ ကြွေရုပ်ပုခုံးကိုဖက်ထားလိုက်တာများ ပိုင်စိုးပိုင်နင်းနိုင်လွန်းသည်။ ကြွေရုပ်နဲ့ဘာတွေပြောနေကြတာရယ်တော့မသိ ကြွေရုပ်ကောဘေးကကောင်လေးကောက ရယ်နေလိုက်တာ ဘေးပတ်ဝန်းကျင်တောင်မေ့နေကြတယ်ထင်ပါ့။

"ကြွေရုပ်"

မင်ဟိုလက်လှမ်းပြကာ ကြွေရုပ်ကိုခေါ်လိုက်သည်။ ဘေးနားကကျောင်းသားအချို့က မင်ဟိုရဲ့ခေါ်သံကြောင့်ထင်သည် ကွက်ကြည့်ကွက်ကြည့်လုပ်နေကြသည်။ ကြွေရုပ်နဲ့အတူဘေးကကောင်လေးရောက မင်ဟိုအနားကိုပြေးလာလေသည်။

"ဥက္ကဌလီ ဒီကိုဘာလာလုပ်တာလည်း"

"ကြွေရုပ်တို့ကျောင်းကိုလာမှတော့ ကြွေရုပ်ကိုလာကြိုတာပေါ့"

"ဗျာ ကျွန်တော့်ကို"

"အွန်း"

မင်ဟိုလာကြိုတာကို အံ့သြနေသည်ထင် မျက်ဝန်းလေးတွေကဝိုင်းစက်ကာ မင်ဟိုကိုကြောင်ကြည့်နေသည်။

"ဟေ့ကောင်လေး ကြွေရုပ်ရဲ့လက်ကိုဘယ်အချိန်ထိကိုင်ထားဖို့စဥ်းစားနေတာလည်း"

မျက်ထောင့်နီကြီးနဲ့ အလိုမကျသလိုကြည့်လာတဲ့မင်ဟိုကြောင့် ဂျီဆောင်းမှာ ဆွန်မင်းလက်ကိုအယောင်ယောင်အမှားမှားဖြင့်လွှတ်လိုက်သည်။
ဂျီဆောင်းကိုကြည့်နေလိုက်တာများ နဂါးတစ်ကောင်သာဆို ဂျီဆောင်းပြာကျသွားလောက်ပြီ။

My Doll(2Min MM)Where stories live. Discover now