MD(2)

183 20 0
                                    


"ဘယ်သူနဲ့တွေ့ချင်လို့လည်းရှင့်"

အောက်ဆုံးထပ်ကကောင်တာမှာထိုင်နေတဲ့အစ်မတစ်ယောက်က ဆွန်မင်းကိုမေးလာသည်။

"ဥက္ကဌလီမင်ဟိုနဲ့တွေ့ချင်လို့ပါဗျ"

"ကြိုချိန်းထားတာလားရှင့်"

"မချိန်းထားဘူးဗျ"

"ကြိုချိန်းထားတာမရှိရင်တွေ့လို့မရပါဘူးရှင့်"

"အဲ့တာဆိုလည်း ကင်မ်ဆွန်မင်းလာတွေ့တာပါလို့ပြောပေးပါလားအစ်မ ကျွန်တော်သူနဲ့တွေ့မှရမှာမလို့ပါ"

"...."

"ကူညီပါနော်အစ်မ"

ဆွန်မင်းကို ခေါင်းအစခြေအဆုံးအထက်အောက်ကြည့်ပြီးမှ ဖုန်းကောက်ကိုင်လိုက်တဲ့ ကောင်တာအစ်မကြောင့် ဆွန်မင်းသွားလေးတွေစိကာရယ်ပြလိုက်သည်။
ထိုအခါ အစ်မကြီးကပြန်ပြုံးပြလာသည်။

"မင်္ဂလာပါရှင့်"

"...."

"ဥက္ကဌလီနဲ့တွေ့ချင်လို့တဲ့ ကြိုတော့မချိန်းထားဘူးရှင့်"

"..."

ဟိုဘက်ကဖုန်းထဲကလူက ဘာပြောလို့လည်းတော့မသိ အစ်မကြီးကဆွန်မင်းကိုကြည့်လာပြန်သည်။

"ကင်မ်ဆွန်မင်းလို့​တော့ပြောတယ် ဥက္ကဌလီကိုမေးပေးပါလား ဧည့်သည်လက်ခံတွေ့ပေးမလားလို့"

"...."

"ကျေးဇူးပါရှင့်"

တစ်ဖက်ကဖုန်းပြန်မလာသေးတဲ့အချိန် ကောင်တာအနားမှာရပ်ကာသာစောင့်နေလိုက်သည်။

ခဏအကြာမှာတော့ ခွင့်ပြုချက်ကြောင့် ဆွန်မင်းအပေါ်ဆုံးထပ်ကငါးလွှာကိုတက်သွားလိုက်သည်။ ရင်ခုန်တာလား ရင်တုန်တာလားပင်မသိ နှလုံးခုန်သံတွေဟာ မငြိမ်သက်ပေ။ တစ်ခါမှတောင်မမြင်ဖူး မတွေ့ဖူးပါဘဲ သူ့ကိုလိုချင်နေတဲ့ဥက္ကဌလီမင်ဟိုကို
တွေ့ရဖို့သာလာလိုက်တာ တစ်ကယ်ရောက်လာတော့လည်း ဆွန်မင်းမှာ နည်းနည်းလေးကြောက်ရွံ့မိပါသည်။

ဥက္ကဌအခန်းလို့ရေးထားတဲ့အခန်းနားရောက်တော့ ဆွန်မင်းထက်အသက်ကြီးပုံပေါက်တဲ့အစ်ကိုကြီးကဝင်သွားရန်ပြောသောကြောင့် ဆွန်မင်းထိုအခန်းထဲဝင်လိုက်သည်။

My Doll(2Min MM)Where stories live. Discover now